မင်းသားဆောင်ဂျွန်ကီကတော့ နှုတ်ခမ်းနီမလေးတွေတင် မကပဲ ကလေး မလေးတွေကြားမှာလည်း နာမည်ကြီးသူတစ်ယောက်ပါ။‘Battleship Island’ ထဲက အသက်အငယ်ဆုံး မင်းသမီး လေး (ကလေးသရုပ်ဆောင်)Kim Soo Ahn ကတောင် ဆောင်ဂျွန်ကီ အပေါ် ဘယ်လောက် တောင် မှ သဘောကျသ လဲဆိုတာကို ပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့ တစ်လလောက်က Movie Premi ere ပွဲ တစ်ခုက အင်တာဗျူးမှာ ဖြေခဲ့တာပါ။.

Kim Soo Ahn ဟာ ဒီဇာတ်ကားထဲမှာ Hwang Jung Min ရဲ့ သမီးအဖြစ် ပါဝင်သရုပ်ဆောင် ထားတာပါ။မင်းသား Hwang Jung Min ကိုယ်တိုင်ကိုက ဒီကလေးက ကျွန်တော်မဟုတ်ပဲ ဆောင်ဂျွန်ကီ ဖြစ်စေချင်နေတာလို့ ပြောခဲ့ပါ တယ်။Kim Soo Ahn ကလည်း သူဟာ ဆောင်ဂျွန် ကီရဲ့ fans ဖြစ်လာခဲ့ တာ အချိန်အတော်ကြာပြီလို့ ပြောခဲ့ပါတယ်။

“Joong Ki oppa ကို ‘Descendant of the Sun’ ထဲက ချစ်ခဲ့တာပါ။ပ ထမဆုံး ပေါ်တည်းက ကြိုက်ခဲ့တာပါ။တကယ့်ကို သဘောကျတာပါ။သူ့ရဲ့ ပုံစံ၊background နဲ့ အားလုံးကို သဘောကျ တာပါလို့ ပြောခဲ့ပါတယ်။ ဘယ်ေ လာက်တောင် ကြိုက်လဲ ဆိုရင် ဆောင်ဂျွန်ကီနဲ့ အတူတွဲ သရုပ်ေ ဆာင်ရင် သ ရုပ်ဆောင်တာကိုတောင် အာရုံစိုက်လို့ မရတော့ အထိ ကြိုက်တာပါလို့ ပြော ခဲ့ပါတယ်။

ဆောင်ဂျွန်ကီဟာ ကလေးသရုပ်ဆောင်လေးရဲ့ စိတ်အာရုံတွေကိုပါ ထွေပြားေ အာင်ဖမ်းစားနိုင်သူပါ။သူမရဲ့ စကားကြောင့် ဆောင်ဂျွန်ကီအ ပါအ၀င် ဘေးမှာ ရှိတဲ့ သရုပ်ဆောင် တွေ အားလုံးလည်း ပွဲကျခဲ့ပါတယ်။

Kim Soo Ahn ‘Battleship Island’ Shows Her Love For Song Joong Ki

[STAR NEWS] WATCH: Kim Soo Ahn ‘Battleship Island’ Shows Her Love For Song Joong Ki

Posted by CastKo Malaysia on Saturday, July 1, 2017

Celenow Team မှ စီစဉ်တင်ဆက်သော www.Celenow.com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့် မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;.castko