Zayn Malik ကတော့ အသက်(၂၅)နှစ်ရှိနေပြီဖြစ်တဲ့ နာမည်ကြီးအဆိုတော် တစ်ယောက်ပါ။ စူပါမော်ဒယ် အချောအလှလေး Gigi Hadid ရဲ့ ချစ်သူဟောင်းလည်း ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့လက လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ အရမ်းကို အတွဲညီညီနဲ့ လိုက်ဖက်တဲ့ စုံတွဲဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ လမ်းခွဲမှုအပေါ် ပရိသတ်တွေ က အတော်လေး စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ချစ်သူဘ၀ တုန်းက ရင်ဘတ်ထဲမှာ ထိုးထားခဲ့တဲ့ Gigi Hadid ရဲ့ တက်တူး ကိုတော့ Zayn Malik တစ်ယောက် ဖျောက်ဖျက်ပစ်ဖို့ စဉ်းစားနေပါတယ်။

One Direction ရဲ့ စတားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့  Zayn Malik ကတော့ သူ့ရဲ့ အချစ်စာမျက်နှာသစ်ကို ပြန်လည် ရေးခြစ်ဖို့ လုပ်နေပါတယ်။ ရင်ဘတ်ပေါ်မှာ ထိုးထားတဲ့ Gigi ရဲ့ ပုံ တက်တူး ကိုဖုံးကွယ်ပစ်ဖို့ လုပ်နေပါတယ်။ ရင်ဘတ်မှာ ရေးထိုးထားတဲ့ မျက်လုံးပုံတက်တူးဟာ ဘယ်သူပဲကြည့်ကြည့် Gigi ရဲ့ မျက်လုံးဆိုတာ အရမ်းကို သိသာပါတယ်။ တက်တူးဆိုတာကတော့ Zayn အတွက် အချစ်သင်္ကေတတစ်ခုလို ဖြစ်နေပါပြီ။ ချစ်သူတစ်ယောက်ရတိုင်း အချစ် အမှ တ်တရ တက်တူးတွေ ရေးထိုးတက်သလို ပြတ်စဲပြီးရင်လည်း ထိုးခဲ့တဲ့ တက်တူးကို ပြန်ဖုံးကွယ် ဖျောက် ဖျက် ပစ်ခဲ့ပါ တယ်။

Perrie Edwards နဲ့ လမ်းခွဲ လိုက်တုန်းကလည်း လက်မောင်းမှာ ရေးထိုးထားတဲ့ သူမရဲ့ ပုံ တက်တူး ကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ Gigi နဲ့ကတော့ (၂၀၁၅) တုန်းက တွဲခဲ့တာပါ။ Perrie နဲ့ ပြတ်စဲပြီးနောက် (၃)လ အကြာ မှာ တွဲခဲ့တာပါ။ Gigi နဲ့ကတော့ နှစ်နှစ်လောက်တွဲခဲ့ပါတယ်။Zayn  ကတော့ သူ့ရဲ့ တက်တူးကို ဖျောက်ဖျက် ဖို့ လိုနေပြီလို့ ပြောခဲ့ပါတယ်။ ရုပ်ပျက်ဆင်းပျက် ဖျောက်ဖျက်မပစ်ပဲ သေသေသပ်သပ် ဖျောက်ဖျက်ပစ်နိုင်ဖို့  မတူညီတဲ့ တက်တူး ဒီဇိုင်းတွေကို ရှာနေပါတယ်။ တကယ်လို့ အဆင်ပြေရင် ဖုံးကွယ်ဖျောက်ဖျက်ပစ်မယ်မယ်လို့ သိရပါတယ်။ လတ်တလော မှာတော့  Zayn က တက်တူးထက် ပိုပြီး ဖျက်ရလွယ်တဲ့ သူ့ရဲ့ Instagram က ပုံတွေ အားလုံးကို Delete လုပ်လိုက်ပါတယ်။

Source mirror.