Winnie Harlow ကတော့ ကနေဒါ ဖက်ရှင်မော်ဒယ်ပါ။မော်ဒယ်တစ်ယောက်အဖြစ်တင်မဟုတ်ပဲ  အမျိုးသမီးထု လေးစားအားကျရသူ ၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ပါ။ America’s Next Top Model မှာ ၀င်ရောက် ယှဉ်ပြိုင်ရင်း နာမည်ကြီးခဲ့သူပါ။ အဲ့ဒီမှာ ပုံမှန်မဟုတ်တဲ့ သူမရဲ့ အသားအရေက ထူးခြားမှုတစ်ခုလို ဖြစ်ပြီး နာမည်ကြီး ခဲ့တာပါ။ vitiligo ဆိုတာကတော့ အရေပြားပေါ်က အရောင်ဆဲလ်တွေက နေရာတစ်ချို့မှာ ပျက်စီးနေတဲ့ ရောဂါဖြစ်ပြီး သူမက အဲ့ဒီ ရောဂါကို ခံစားနေရတာပါ။

(၇၁)ကြိမ်မြောက်ကျင်းပတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ Winnie Harlow က ကိန်းစ်ရုပ်ရှင်ပွဲတော်အပြင် ကြာသပတေးနေ့ညက ကျင်းပခဲ့တဲ့ 25th amfAR Gala  ပွဲသို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာလည်း သူမ၀တ်ဆင်လာတဲ့ ကြမ်းပြင်ထိ ရှည်လျားတဲ့ ဂါဝန်ရှည်ကြီး ကိုတော့ ဒီဇိုင်နာ Zuhair Murad က ဖန်တီးချုပ်လုပ်ပေးခဲ့တာလို့ သိရပါတယ်။ အသက် (၂၃)နှစ်အရွယ် ကနေဒါမော်ဒယ်မလေးကတော့ Hotel du Cap-Eden-Roc ရဲ့  ကောဇောနီထက်ကို  ရောက် ရှိလာချိန်မှာတော့  အားလုံးကို လည်ပြင်ငေးအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ အနက်ရောင် ကြိုးသိုင်းဖိနပ်၊ အပေါ်မှာတော့ ပေါင်တံအထိ ခွဲကြောင်းပါတဲ့ ၀တ်စုံကို ၀တ်ဆင်ထားပါတယ်။ ပခုံးအောက်လျော အကျီင်္လက်ရှည်ကို ၀တ်ဆင် ထားပါတယ်။

Winnie ဟာ  amfAR (The Foundation for AIDS Research)Cannes Gala ပွဲကို တက်ရောက်ချီးမြှင့်ေ ပး ခဲ့တဲ့ နာမည်ကြီးဆယ်လီတွေထဲက တစ်ယောက်ပါ။ amfAR ကတော့ ကိုယ်ကျိုးမဖက်တဲ့ အဖွဲ့ အစည်း တစ်ခုပါ။အခုတက်ရောက်တဲ့ ပါတီပွဲကနေ ရန်ပုံငွေ ကန်ဒေါ်လာ သန်း(၂၁၀) ကျော် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ပွဲကနေ ရလာတဲ့ ငွေကြေးတွေကိုတော့ AIDS ရောဂါသုတေသန လုပ်ငန်းတွေ အတွက် အသုံးပြုသွားမယ်လို့ သိရပါ တယ်။

Source dailymail