Disney Princess Rapunzel လိုမျိုး လှပတဲ့ ဆံကေသာအလှကို ပိုင်ဆိုင်ထားသူလေးရှိပါတယ်။ သူမရဲ့ နာမည်ကတော့ Anastasia Sidorov ပါ။ သူမရဲ့ ဆံကေသာအလှကြောင့် နာမည်ကြီးသူလေးပါ။ သက်ရှိ Rapunzel လို့တောင် တင်စားခံရသူပါ။ ဒါပေမယ့် သူမဟာ အရင်တုန်းက ဆံပင်အရမ်းကျွတ်တဲ့ရောဂါ (Alopecia) ကို ခံစားခဲ့ရဖူးပါတယ်။(Alopecia) ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အား (immune system)တွေက ပုံမှန်မဟုတ်တော့ဘဲ ဆံကေသာမွေးညင်းပေါက်တွေကို ထိခိုက်စေတဲ့အတွက် ဆံပင်တွေ အလွန်အကျွံကျွတ်တဲ့ အခြေအနေမျိုးကို ဖြစ်ပေါ်တာမျိုးပါ။

Anastasia Sidorov ဟာ အသက်(၁၈)နှစ်တုန်းက ထိပ်ပြောင်မယ့်အခြေအနေကို ကြုံခဲ့ရပါတယ်။ ဆံပင်တွေ အရမ်းကျွတ်ပြီး ထိပ်ပြောင်တဲ့အခြေအနေနဲ့ ကြုံခဲ့ရတဲ့ အဓိကတရားခံဟာ စိတ်ဖိစီးမှုကြောင့်လို့ ယူဆကြောင်း ဆိုပါတယ်။ ထိပ်ပြောင် ဆံပင်ကျွတ်လို့ ယုံကြည်မှုတွေပျောက်ဆုံးကုန်တဲ့ သူမဟာ ဆံပင်ကျွတ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်ဆီကိုသွားပြီး အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမှာပဲ သူမကို ဆံကေသာအတွက် treatment ပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ မရဲ့ ဆံပင်အရမ်းကျွတ်တဲ့ရောဂါဟာ ပျောက်ကင်းသွားခဲ့တာပါ။

အခုအချိန်မှာတော့ ဆံပင်အရမ်းလှလွန်းလို့ Pantene ရှန်ပူရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသလို မဂ္ဂဇင်းတွေက ကြော်ငြာတွေမှာပါ သူမကို တွေ့နေရပါပြီ။ သူမရဲ့ ဆံပင်အရှည်ကတော့ (၁၀၆) စင်တီမီတာ (၃ ပေကျော်) ရှိတယ်လို့ သိရပါတယ်။

သူမရဲ့ လှပတဲ့ ဆံကေသာကို ဆက်ပြီးထိန်းသိမ်းဖို့ သူမလိုက်နာကျင့်သုံးနေတဲ့ လျှို့ဝှက်ချက်တစ်ချို့ ရှိပါတယ်။ ဆံပင်ကို ဘယ်တုန်းကမှ ဖြောင့်တာတွေ မလုပ်ခဲ့ဘူးဘဲ ဒီဆံပင်ဟာ ပင်ကိုယ်ဆံပင်လို့ သိရပါတယ်။ hairdryer မသုံးခင်မှာ ဆံပင်ကို သဘာဝလေနဲ့ ဆံပင်ရဲ့(၆၀)ရာခိုင်နှုန်းလောက်ကို အခြောက်ခံတယ်လို့ဆိုပါတယ်။ dryer နဲ့ အကုန်ခြောက်အောင်မှုတ်ရင် ပျက်စီးမှာစိုးလို့ သဘာဝအတိုင်း ခြောက်အောက်လုပ်တယ်လို့ သိရပါတယ်။

 

သူမသုံးတဲ့ ရှန်ပူမှာ ဆာလဖိတ် ပါရှိကြောင်း၊ ခေါင်းလျှော်ပြီးတိုင်းမှာ keratin mask ကို သုံးလေ့ရှိတယ်လို့ ပြောပါတယ်။ omega-3 နဲ့ vitamin D ကိုလည်း ပုံမှန်မှီဝဲတယ်လို့ ဆိုပါတယ်။ ခေါင်းလျှော်ရည်ရွေးတော့မယ်ဆိုရင် ကိုယ့်ရဲ့ ဆံသားကို ဘယ်လိုအမျိုးအစားလဲဆိုတာကိုသိအောင် အရင်လုပ်ပြီးမှ ရွေးပါလို့ ဆိုပါတယ်။ ရှန်ပူအရွေးမှားရင် ဆံပင်ကို ပိုပျက်စီးစေတက်ပါတယ်။ Anastasia Sidorov ဟာ Instagram မှာလည်း follower တွေ အများကြီး ပိုင်ဆိုင်ထား သူတစ်ယောက်ပါ။

from daily mail

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။