Kendall Jenner တစ်ယောက် အော်စကာပွဲမှာ လှလှပပလေး တက်ရောက်ခဲ့တာကို ပရိသတ် ကြီး မြင်တွေ့ကြပြီးဖြ စ်မှာပါ။ပွဲကို ဟန်မပျက်တတ်လာခဲ့ရပေမယ့် အဲ့ဒီတုန်းက သူမရဲ့ ကျန်းမာရေး အခြေ အနေကတော့ မကောင်းခဲ့ပါဘူး။ စူပါမော်ဒယ် Kendall Jenner တစ်ယောက် Vanity Fair Oscars Party   မတိုင်ခင်တုန်းက ဆေးရုံ တက်ပြီး drip ချိတ်ခဲ့ရပါတယ်။တစ်ခုခုနဲ့ မတည့်တဲ့ လက္ခဏာ တွေပြလာလို့ ဗီတာမင် Drip ချိတ်ခဲ့ရတာပါ။

Kendall ရဲ့ အစ်မ Kim ကလည်း ကော်ဇောနီပွဲတွေ မတက်ခင်မှာ ရေဓါတ်ခမ်းခြောက် လို့  ပုံမှန်IV hydration treatment  ခံယူရတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။အခုတစ်ခါကတော့ အစ်မဖြစ်သူ Kim လိုပဲ Kendall တစ်ယောက် ကြုံခဲ့ရတာလားဆိုတာကတော့ အတိအကျမသိရသေးပါဘူး။သတင်းအရင်းအမြစ်တစ်ခုကတော့ အော်စကာ ပွဲမတက်ခင်တည်းက Kendall တစ်ယောက် ဓါတ်မတည့်တဲ့ လက္ခဏာတွေနဲ့ ဆိုးဆိုးရွားရွား ခံစားခဲ့ရ တယ်လို့ ဆိုပါတယ်။သူမဟာ နောက်ပိုင်းမှာတော့ ကယ်လီဖိုးနီးယားရှိ Beverly Hills မြို့က Cedars Sinai ကျန်းမာရေးစင်တာကို ၀င်ပြီး ဆေးကုသမှုခံယူရတယ်လို့ သိရပါတယ်။အော်စကာပွဲမှာ သူမ၀တ်ခဲ့တဲ့ ၀တ်စုံကတော့ ဒီဇိုင်နာ LBD ရဲ့ လက်ရာဒီဇိုင်းပါ။အောက်ကို စိုက်ကျနေတဲ့ လည်ပင်းပုံစံဒီဇိုင်းဖြစ်ပြီး mini-dress ပါ။

အခုတော့ သူမရဲ့ ကျန်းမာရေးအခြေအနေက ပြန်ကောင်းလာပါပြီ။မတ်(၆)ရက်နေ့ နေ့လည်ပိုင်းမှာတော့ Kendall က သူမရဲ့ ၀မ်းကွဲညီအစ်မတွေနဲ့ အတူတူအမေရိကန်လော့အိန်ဂျလိစ်မှာ ဂိမ်းကစား နေတဲ့ ပုံတွေ ထွက်လာပါတယ်။ Kardashian မိသားစုကတော့ softball(ဘေ့စ်ဘောကစားနည်းနဲ့ တူပေမယ့် ကွင်းငယ်ပြီး ပိုကြီးတဲ့ ဘောလုံးပျော့နဲ့ ကစားတဲ့ အားကစား) ကစားနေကြတာပါ။Adidas brand ambassador ဖြစ်တဲ့ သူမကတော့ အနက်နဲ့အဖြူ အကြား အားကစား ၀တ်စုံလေးကို ၀တ်ဆင်ထားပြီး သူမရဲ့ သွယ်လျတဲ့ body အလှကတော့ အထင်းသားပေါ် လွင်နေပါတယ်။

dailymail
dailymail
dailymail
dailymail

source daily mail