2018 Met Gala ပွဲကိုတော့ New York City မှာရှိတဲ့ Metropolitan Museum of Art မှာ မေလ(၇) ရက်ေ န့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တွေ၊ နာမည်ကြီး ဆယ်လီတွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ ပရိသတ်အချစ်တော် စူပါမော်ဒယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအထဲကမှ စူပါမော်ဒယ် (၃)ယောက်ရဲ့ ဖက်ရှင်အလှပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။သူတို့ကတော့ အမေရိကန်မော်ဒယ် Kendall Jenner ၊ Bella Hadid နဲ့ Gigi Hadid တို့ပါ။
#Gigi Hadid
အသက်(၂၃)နှစ်အရွယ် အမေရိကန်စူပါမော်ဒယ်မလေး Gigi Hadid ကတော့ Versace ရဲ့ ၀တ်စုံကို ဆင်မြန်းပြီး တက်ရောက်လာခဲ့တာပါ။ ဒီပွဲက ကောဇောထက်ကိုတော့ တစ်ကိုယ်တော် လျှောက်လှမ်းခဲ့တာဖြစ်ပြီး သူမရဲ့ ညီမ Bella Hadid ကတော့ သူမအရင် ကြိုရောက်နှင့်နေခဲ့ပါတယ်။
# Kendall Jenner
နောက်တစ်ယောက်ကတော့ အသက် (၂၂)နှစ်အရွယ် အမေရိကန်မော်ဒယ် Kendall Jenner ပါ။ သူမကတော့ ပခုံး လျှော အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။ တံတောင်ဆစ်ကနေ စတဲ့လက်အိတ်အဖြူရောင် ကိုဝတ်ဆင်ထားပါတယ်။ အဖြူရောင်ဘောင်းဘီရှည်နဲ့ အရမ်းလိုက်ဖက်နေတာကို တွေ့ရပါတယ်။ ဘောင်းဘီ အတွက် ကိုတော့ သူမနဲ့ ရင်းနှီးတဲ့သူငယ်ချင်း ဒီဇိုင်နာ Virgil Abloh ရဲ့ လက်ရာလို့ သိရပါတယ်။
#Bella Hadid
အသက်(၂၁)နှစ်အရွယ် Bella ကတော့ ဒီပွဲမှာ All Black နဲ့ တက်ရောက်ခဲ့ပါတယ်။ဒီပွဲမှာတော့ သူမက ကြမ်းပြင် အထိ အရှည်ရှိတဲ့ သီလရှင်ဦးခေါင်းခြုံထည်ကို ဆင်မြန်းထားပြီး ရွှေနဲ့ အနားသတ်ကို ညှိထားပါတယ်။ ခုံးကြွတဲ့ သားရေ ဂျက်ကတ်၊လက်ချောင်းပိုင်းတွေအထိ မရောက်တဲ့ လက်အိတ်ကို ဆင်မြန်းထားပါတယ်။ Chrome Hearts ရဲ့ ဖက်ရှင် ဒီဇိုင်းလို့သိရပါတယ်။
Source elle