Home Supermodels ဒီနှစ်မွေးနေ့ကိုတော့ Romance မပါပဲ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ Gigi Hadid

ဒီနှစ်မွေးနေ့ကိုတော့ Romance မပါပဲ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ Gigi Hadid

Gigi Hadid ကတော့ (၁၉၉၅)ခုနှစ် ဧပြီ (၂၃)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ ပြီးခဲ့တဲ့ (၂၃)ရက်နေ့မှာတော့ အသက် (၂၃ )နှစ် ပြည့်ခဲ့ပါပြီ။ သူမရဲ့ ပြီးခဲ့တဲ့ မွေးနေ့ပွဲလေးကိုတော့ နယူးယော့စီးတီးက Brooklyn Heights Social Club မှာ ကျင်းပခဲ့ပါတယ်။ အသက်(၂၂)နှစ်ပြည့် မွေးနေ့ပွဲလေးမှာတော့ ချစ်သူ Zayn၊ ရဟတ်ယာဉ်၊ ရိုမန်တစ်ဆန်တဲ့ ပန်းရောင် ကိတ်တွေနဲ့ ဖြတ်သန်းခဲ့တာပါ။ ဒါပေမယ့် Zayn နဲ့လမ်းခွဲလိုက်ပြီးနောက် ဒီနှစ်မွေးနေ့မှာတော့ ချစ်ရတဲ့ မိသားစုဝင်ေ တွ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။

ဒီနှစ်မွေးနေ့ပွဲကိုတော့ ဧည့်သည်အဖြစ် ညီမဖြစ်သူ Bella Hadid ၊ မောင်ဖြစ်သူ Anwar Hadid၊ မိဘတွေဖြစ်တဲ့ Yolanda Hadid ၊ Mohamed Hadid တို့အပြင် တခြားမော်ဒယ်တွေ ဖြစ်တဲ့ Martha Hunt, Joan Smalls, Olivia Culpo, Hailey Baldwin နဲ့ Suki Waterhouse တို့ တက်ရောက်ခဲ့ပါတယ်။ Cara Delevingne ၊ Tan France, Antoni Porowski နဲ့ Jonathan Van Ness တို့လည်း တက်ခဲ့ပါတယ်။

ပါတီမရောက်ခင် Gigi က Bella နဲ့ အတူ ရွှေရောင် Atelier Versace  Mini Dress လေးကို ၀တ်ဆင်ပြီး တိုက်ခန်းကနေ ထွက်လာခဲ့တဲ့ ပုံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ မွေးနေ့ပွဲတက်ရောက်ခဲ့တဲ့ ဧည့်သည်တွေ ကလည်း Gigi ရဲ့ မွေးနေ့ပွဲ ပုံရိပ်တွေကို သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှ ခဲ့ပါတယ်။Hailey  ဆိုရင်ပါတီပုံတွေ တင်ရင်းနဲ့ Followers တွေပါ တိုးခဲ့ပါတယ်။ပုံတစ်ပုံကိုဆိုရင်…”Happy birthday Gi we love you,” ဆိုတဲ့ Caption ရေးပြီး တင်ခဲ့ပါတယ်။ပုံတိုင်းမှာလည်း “Gigi’s Golden Birthday” ဆိုပြီး ရေးသားခဲ့ပါတယ်။ Antoni  ကလည်း ပါတီ ပုံ ရှယ်ခဲ့ပါတယ်။သူ့ရဲ့ Instagram Story မှာဆိုရင် ဂျာစီပုံ ကိတ်လက်ဆောင် ပေးခံရတာကို တင်ထားပါတယ်။ ကိတ်မှာတော့ Gigi ရဲ့ အကြိုက်ဆုံးနံပါတ်၊ အသက်(23) ကို ရေးထားပါတယ်။

ဒီပွဲမှာ လုံးဝ မတွေ့ရတဲ့ ဧည့်သည်ကတော့ GiGi ရဲ့ အချစ်ဟောင်း Zayn Malik ပါ။ သူတို့နှစ်ယောက်ဟာ နှစ်နှစ် ကြာ ဒိတ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လက လမ်းခွဲပြတ်စဲခဲ့တာပါ။ လမ်းခွဲလိုက်တဲ့အကြောင်းကိုလည်း နှစ်ယောက်လုံးက ဆိုရှယ်မီဒီယာကတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။

Source elle