ကမ္ဘာ ကျော် အဆိုတော် Zayn Malik က တော့ အခုဆိုရင် အသက် ၂၈ နှစ်ပြည့်သွားပါပြီ။ January 12, 1993 မှာ မွေးဖွားခဲ့တာပါ။ Gigi Hadid က တော့ သူ့ချစ်သူ ရဲ့ မွေးနေ့ အတွက် Instagram မှာ Post တင်ပြီး မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။သမီးလေး မွေးပြီး နောက်ပိုင်း စုံတွဲ ပုံတွေ သိပ် မတင် ဖြစ်တာကြာပါပြီ။မွေးနေ့ ဆုတောင်းမှာ တော့ နှစ်ယောက်သား ကြည်နူး ပျော်ရွှင် နေတဲ့ ပုံလေးကို တင်ခဲ့ပါတယ်။ Hadid က တော့ ပုံ နှစ်ပုံ တစ်ထားတာပါ။တစ်ပုံက တော့ စုံတွဲ ပုံ ဖြစ်ပြီး နောက် တစ်ပုံက တော့ သမီးလေးကို ချီ ထားတဲ့ ကာတွန်းပုံ လေးပါ။ဒီအ ကြောင်းကိုတော့ Elle မှာ ဖော်ပြထားတာပါ။
View this post on Instagram
အပျော်ဆုံး မွေးနေ့ ဖြစ်ပါစေ Zaddy baba ရေ။အထူးစပယ်ရှယ်ပါ။အကြာကြီး ချစ်သွားမယ်၊အအေမ တစ်ယောက် ဖြစ် ခွင့် ပေးလို့ ကျေးဇူးတင်ပါတယ်။အကောင်းဆုံး နေ့ရက် တိုင်းကို ပိုင်ဆိုင် ပါစေ. ဆိုပြီး ဆုတောင်း ပေးခဲ့ပါတယ်။Hadid နဲ့ Malik တို့က တော့ သူတို့ရဲ့ relationship ကို ပိုပြီး Private ဆန်ဆန် သိုဝှက် လာကြပါတယ်။၂၀၁၅ တည်းက တောက်လျောက် ပြတ်လိုက် တွဲ လိုက် ဖြစ်လာပေမယ့်လည်း အခုက တော့ နှစ်ယောက်ကြားမှာ သံယောဇဉ်လေး တစ်ခု ပို တိုးလာခဲ့ပါတယ်။သမီးလေးရပြီးနောက် မှာတော့ နှစ်ယောက် ရဲ့ ပုံ အဟောင်းလေးတွေကိုပဲ တင်ဖြစ် နေပါတယ်။
View this post on Instagram
မကြာသေးခင်တုန်းကလည်း IG Story မှာ နှစ်ယောက်သား နမ်း နေတဲ့ ပုံလေးကို တင်ခဲ့ပါတယ်။အဲ့ပုံက တော့ ၂၀၂၀ ဧပြီ တုန်းက ရိုက်ထားတာပါ။သူ တို့နှစ်ယောက်ရဲ့ Relationship အ ကြောင်းကိုတော့ မေတုန်းက Make Up Artist Erin Parsons နဲ့ IG Live မှာ တုန်းက ထုတ် ပြောခဲ့ဖူးပါတယ်။ IG Live tutorial မှာ သူမရဲ့ မိတ်ကပ် နဲ့ ပုံကို မြင်ရင် Malik ဘယ်လို တုံ့ပြန် မလဲ ဆိုတာကို ပြခဲ့ပါတယ်။

View this post on Instagram
“သူက ဒီလို ဖြစ်မှာ လို့ ပြောပြီး လက်နှစ်ဖက်ကို ပူးကပ်က အံ့ သြတဲ့ ပုံစံ မျိုး လုပ်ပြ ခဲ့ပါတယ်။”မင်း အရမ်း ရယ် နေရတာ သိလား လို့ ပြောလိမ့်မယ်။သူကြိုက်မယ်မထင်ဘူး။ကျွန်မ အလုပ် က ပြန်လာရင် အိုး ဒါက Erin ပုံစံ. ဒါက Patrick ပုံစံ. ဘာပဲ ဖြစ်ဖြစ် သူ တကယ် ကြိုက်ပါတယ်.” ဆိုပြီး ပြောခဲ့ပါတယ်။
View this post on Instagram
ပြီးခဲ့တဲ့ စက်တင်ဘာ နှောင်းပိုင်း မှာ သမီးလေး မွေးဖွားခဲ့တာပါ။သမီးလေး မွေးလာတော့ Malik ဘာ တွေ ပြောင်းလဲ သွားလဲ ဆိုတာကို တော့..”သမီးလေး မွေးလာချိန်မှာ Zayn က အရမ်းခံစားလွယ်လာတယ် ၊အကောင်းဆုံး အဖေ တစ်ယောက် ဖြစ်ချင် နေပြီး အရမ်း စိတ်လှုပ်ရှားေ န တယ် လို့သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုပါတယ်။


#CELENOW