စူပါမော်ဒယ် Bella Hadid ကတော့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Miami မြို့မှာ အပန်းဖြေ အနား ယူနေပါတယ်။ သူငယ်ချင်းဖြစ်သူ Hailey Baldwin နဲ့ အတူ အပန်းဖြေနေတာပါ။ Catwalk Queens နှစ်ယောက် ကတော့ ထိုင်ခုံရှည်ပေါ်မှာ အေးအေးလူလူ အနားယူနေခဲ့တာပါ။ Bella Hadid  ကတော့  1950s-style black-and-white ဘီကီနီကို ၀တ်ဆင်ထားပြီး Hailey Baldwin ကတော့ အဖြူရောင်ဘီကီနီကို ၀တ်ဆင်ထားပါတယ်။

ပုံတွေထဲမှ  Bella က ချစ်စရာခွေးလေးရဲ့ ဘေးမှာ မတ်တပ်ရပ်နေတဲ့ အမျိုးသားနဲ့ ရပ်စကားပြောနေချိန်မှာ သူမရဲ့ နောက်ကျော အလှကို အထင်းသားပေါ်လွင်ခဲ့တဲ့ပုံလည်းပါဝင်ပါတယ်။သူမနဲ့ ခရီးသွားဖော် Hailey  ကတော့  နာမည်ကြီး အမေရိကန်မော်ဒယ်ဖြစ်ပြီး တနင်္ဂနွေတုန်းက သူမတို့နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် နမ်း နေ၊ ဖက်နေတဲ့  Dinner Date ပုံကိုလည်း  Instagram မှာ တင်ခဲ့ပါတယ်။

ဒီ့မတိုင်ခင်ပုံမှာတုန်းက Bella အရောင်ဖျော့ ဘီကီနီဝတ်ဆင်ထားပြီး Baldwin ကသူမရဲ့ ဘေးမှာ အဖြူရောင် တဘက် နဲ့ ခေါင်းကို အုပ်ထားတဲ့ ပုံထွက်ပေါ်လာခဲ့ပါသေးတယ်။Hadid ကတော့ သူမရဲ့ Caption မှာ ..”‘This is Hailey.’  ဆိုပြီး ရေးထားပါတယ်။ပုံထဲမှာတော့ Baldwin က Navy ရောင် ဘီကီနီကို ၀တ်ဆင်ထားပါတယ်။

 

Source Daily Mail