Bella Hadid  ကတော့ နာမည်ကြီး Supermodel တွေထဲကတစ်ယောက်ပါ။အသက် (၂၁) နှစ်ပဲ ရှိပါသေးတဲ့ အမေရိကန်မော်ဒယ်တစ်ယောက်ပါ။(၂၀၁၄)ခုနှစ်တုန်းက IMG Models နဲ့ လက်မှတ်ရေးထိုးခဲ့သူပါ။(၂၀၁၆) ဒီဇင်ဘာမှာတော့ Model.com ရဲ့ Model of the Year 2016  အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။အမြဲတမ်းဖက်ရှင်ပိုင်းမှာ သူမရဲ့ပရိသတ်တွေကို ဘယ်တော့ မှ စိတ်မပျက်စေခဲ့တဲ့ Bella Hadid ကတော့ ဒီတစ်ခါမှာလည်း အားလုံး လည်ပြန်ငေးအောင် လုပ် လိုက်ပြန်ပါတယ်။

 

သူမဟာ တနင်္လာနေ့တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေပါတယ်။Tag Heuer Boutique နာရီဆိုင်ဖွင့်ပွဲသို့ တက်ရောက်ပေးခခဲ့တာပါ။ဒီပွဲမှာတော့ Bella Hadid က လုံးဝ fit ဖြစ်နေတဲ့ ဂါဝန် လေးကို ၀တ်ဆင်ထားပါတယ်။အနီရောင်အကွက်လေးဖြစ်ပြီး Body Fit ဖြစ်တာကြောင့် သူမရဲ့ ကောက်ကြောင်းလှလှတွေကို အထင်းသားမြင်နေရပါတယ်။Bella Hadid ကတော့ ကင် မရာ ရှေ့မှာ ပျော်ရွှင်မြူးတူးစွာ Pose ပေးခဲ့တာကို တွေ့ရပါတယ်။ရွေးချယ်ခဲ့တဲ့ ၀တ်စုံလေးကတော့ သူမနဲ့ အတော်လေးလိုက်ဖက်ပြီး သြယ္လ် တဲ့ body အလွ ကိုေ ပ်ါလွင်စေခဲ့ပါတယ်။ဖိနပ်ကတော့ အနီရောင် (ကြက်သွေးရောင်)ရှူးဖိနပ်ကို ၀တ်ဆင်ထားပါတယ်။ အသားရောင် ခြေ အိတ်နဲ့ အနီရောင်ဖိနပ်ကို တွဲဖက်ဝတ်ဆင်ထားပါတယ်။

Bella ကတော့ ဒီရက်ပိုင်းမှာ ဂျပန်မှာပျော်ရွှင်စွာ သွားလာနေပါတယ်။ဂျပန်မှာ Shopping ထွက်ေ နတဲ့ ပုံတွေ၊သူငယ်ချင်းတွေနဲ့ ညစာအတူစားနေတဲ့ ပုံတွေကိုလည်း IG မှာတင်ထားတာ တွေ့ရပါ တယ်။အခုမှသာ ပျော်ပျော်ရွှင်ရွှင်အနားယူနေပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ် တို့မှာတော့ Fas hion Weeks (၄)ခုနဲ့ ဆက်တိုက်အလုပ်များနေခဲ့တာပါ။

 

Source dailymail