(၂၂)ကြိမ်မြောက် Victoria’s Secret Fashion Show ကိုတော့ နိုဝင်ဘာ(၂၀)ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ စူပါမော်ဒယ်တွေ ဖြစ်တဲ့ Bella Hadid, Alessandra Ambrosio, Romee Strijd နဲ့ Candice Swanepoel တို့ ပါဝင် လျှောက်လှမ်းခဲ့ပါတယ်။

ဒီပွဲမှာတော့ Musical Entertainment အနေနဲ့ နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ Harry Styles, Miguel, Jane Zhang နဲ့ Leslie Odom.Jr တို့ တင်ဆက်ပေးခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အရင်နှစ်က VS Show စင်မြင့်ထက်မှာ လျှောက်လှမ်းခဲ့ကြတဲ့ Kendall Jenner နဲ့ Gigi Hadid တို့တော့ မပါဝင်ခဲ့ကြပါဘူး။ 2017 Victoria’s Secret Show ပွဲကိုတော့ နိုဝင်ဘာ(၂၈)ကျရင် CBS ရုပ်သံကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
ဒီပွဲမှာတော့ Bella Hadid က သူမရဲ့ လှပတဲ့ကောက်ကြောင်းအလှနဲ့ အားလုံးကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ပွဲတွေတက်တိုင်း မပေါ်သင့်တာတွေကို ပေါ်တတ်၊ အလွဲအလွဲအချော်အချော်တွေရှိတတ်တဲ့ Bella Hadid ကတော့ ဒီတစ်ခါမှာလည်း ထုံးစံမပျက်ခဲ့ပါဘူး။ စင်မြင့်ထက်မှာ လျှောက်လှမ်းနေရင်းနဲ့ Nipple တွေ ပေါ်ခဲ့ပါသေးတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။