Taylor Swift ရဲ့ (၆)ခွေမြောက် စတူဒီယိုအယ်ဘမ် Reputation  ကတော့  နိုဝင်ဘာ (၁၀) ရက်နေ့ က ထွက်ရှိခဲ့ပါတယ်။အခွေမထွက်ခင် တစ်ပုဒ်ချင်းစီ ထွက်လာ တည်းက ဒီအခွေဟာ သေ ချာ ပေါက် ၀က်ဝက်ကွဲအောင်ပွဲခံနိုင်မယ့် သီချင်းခွေဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်းပဲ တကယ်ဖြစ်လာခဲ့ပါတယ်။ထွက်ရှိပြီး (၄) ရက်အတွင်းမှာပဲ အခွေအချပ်ရေ တစ်သန်း ကျော်(၁.၀၅ သန်း) လောက်ရောင်းချိနိုင်ခဲ့တယ်လို့ Nielsen Music ကပြောခဲ့ကြောင်း CNN သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။(၄)ရက်အတွင်းမှာပဲ (၂၀၁၇)ရဲ့ အရောင်းရဆုံး အယ်ဘမ် ဖြစ်လာခဲ့တာပါ။

(Photo by John Shearer/LP5/Getty Images for TAS)
အရင်တုန်းက ထွက်ရှိခဲ့တဲ့  “1989,”(၂၀၁၄)၊ “Red,”(၂၀၁၂)နဲ့  “Speak Now.”(၂၀၁၀) တုန်းကလည်း အဲ့ဒီလိုပဲ ထွက်ရှိပြီး ထွက်ရှိပြီး သီတင်းပတ်တစ်ပတ်အတွင်းမှာပဲ အချပ်ရေ တစ် သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။”Reputation” ကလည်း ထွက်ပြီး(၄)ရက်အတွင်းမှာပဲ အများ ကြီးရောင်းချနိုင်ခဲ့တာပါ။အခုဆိုရင်တော့ Taylor Swift  ဟာ တေးအယ်ဘမ် (၄) ခုကို  ထွက် ရှိပြီး တစ်ပတ်အတွင်းမှာပဲ အချပ်ရေတစ်သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ အဆိုတော်ဖြစ်လာခဲ့ပါပြီ။

ဂီတသမိုင်းတစ်လျှောက်မှာ Taylor Swift လိုပဲ အခွေတွေ အများကြီးရောင်းချနိုင်ပြီး စံချိန်တင် ထားသူရှိပါတယ်။သူကတော့ Adele ပါ။Adele ရဲ့ “25” က ထွက်ပြီး သုံးရက်အတွင်း (၂.၃) သန်း၊တစ်ပတ်တောင် မကြာသေးတဲ့ အချိန်အတွင်းမှာတော့ (၃.၃)သန်းရောင်းချနိုင်ခဲ့ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။