Taylor Swift နဲ့ Katy Perry တို့ကတော့  လွန်ခဲ့တဲ့ (၅)နှစ်ကျော်လောက်တုန်းက ရန်စရှိခဲ့ပြီး သူတို့ကြားက ရန်ပွဲက အတော်လေးကို လူပြောများခဲ့ပါတယ်။ အခုဆိုရင်တော့ Katy Perryက (၃၃)နှစ်၊ Taylor Swift ကတော့ (၂၈)နှစ် ဖြစ်နေပါပြီ။ Katy Perry က Taylor ကို သံလွင်ခက် လက်ဆောင်ပေးခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ (၂၀၁၂)တုန်းက အဖုအထစ်တွေ ဖြစ်ခဲ့ပုံရပါတယ်။(၂၀၁၂)တုန်းက Taylor Swift ရဲ့ အရံအနေနဲ့ ထားတဲ့ Dancer (၃)ယောက်က သူမရဲ့ Red album tour ကနေ နုတ်ထွက်ပြီး Katy Perry ရဲ့ Prism album tour မှာ ပါဝင်ခဲ့ပါတယ်။ Taylor ရေးတဲ့ Bad Blood ဆိုတဲ့ သီချင်းဟာ Katy ရဲ့ အကြောင်း ပါ။ မနှစ်တုန်းကလည်း James Corden နဲ့ Chat တဲ့ ကိစ္စကို Katy ကပြောလို့ ရန်စမီးပွားခဲ့ရပါသေးတယ်။ “အ ကသမားတွေက သူမကို အရင် Tour ရှိရင် သူတို့သွားနိုင်ရင် သွားချင်၊လိုက်ပါချင်တယ် လို့ ပြောခဲ့ကြောင်း..

ဒါကြောင့် သူမကလည်း Tour ရှိချိန်မှာ အားလုံး နဲ့လည်း ရင်းနှီးပြီးသားဖြစ်တော့ Message ပို့ပြီး အကြောင်းကြားခဲ့ေ ကြာင်း ၊အဲ့ဒီမှာပဲ သူတို့ဘက်ကလည်း Management အဖွဲ့နဲ့ပြောမယ်ဆိုပြီးပြောတယ်..သူတို့ အလုပ်ထုတ် ခံရ တ ယ်.. ဆိုပြီး Dancer သမားတွေ ကိစ္စကို ပြန်ရှင်းခဲ့ပါတယ်။ ဒီအကြောင်းတွေကို Taylor ကို သေချာရှင်းပြဖို့ ကြိုးစား ခဲ့ပေမယ့် Taylor က ရှင်းပြခွင့် ပေးဖို့ကို ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ရှင်းပြချင်ခဲ့ပေမယ့် အဲ့ဒီမှာပဲ Tayor က သူမ အကြောင်းကိုရေးထားတဲ့ သီချင်းရေးလိုက်ကြောင်း၊ ဒီလို အခြေအနေမှာ ဘယ်လို ညှိနှိုင်းယူလို့ ရနိုင်မှာလဲ ဆိုပြီး Katy က သူမဘက်က ခံစားချက်တွေကို ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ Taylor တစ်ယောက် Katy Perry ကို ခွင့်လွှတ်လိုက်ပါပြီ။

Source themirror