Selena Gomez ရဲ့ သီချင်းသစ် Back To You ကတော့ မေလ(၁၀)ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းကတော့ Selena ရဲ့ (၂၀၁၈)အတွက် ပထမဆုံး သီချင်းသစ်ပါ။ “Back 2 You” ဆိုတဲ့ အဲ့ဒီသီချင်းဟာ 13 Reasons Why Season-2 ရဲ့ ဇာတ်ဝင်တေးသီချင်းအဖြစ် ပါဝင်သွားမှာလို့ သိရပါတယ်။ Selena ဟာ 13 Reasons Why ရဲ့ executive producer ပါ။

ဒီသီချင်းကိုNetflix ရဲ့ ဇာတ်ကား 13 Reasons Why Season-2  အတွက် ရေးထားတာပါ။ ဒါပေမယ့် fan တွေ ကတော့ ဒီသီချင်းဟာ Selena က သူမရဲ့ ချစ်သူဟောင်း JB အတွက် ရည်ရွယ်တာဆိုပြီး တစ်ထစ် ချကို  ပြောနေကြ ပါတယ်။ US Weekly ရဲ့ အပြောအရတော့ နှစ်ယောက်လုံးကောင်းဖို့ JB နဲ့ လမ်းခွဲဖို့ Selena ဘက်ကနေ စိတ်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ Justin နဲ့ Selena တို့ရဲ့ ပထမဆုံး ဒိတ်ကတော့  (၂၀၁၀) ကနေ (၂၀၁၄) အထိ ကြာမြင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်သားလမ်းခွဲခဲ့ပါတယ်။ ပြန်တွဲနေပြီဆိုတဲ့ သတင်းတွေ လအတော်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် (၂၀၁၇) နိုဝင်ဘာမှာတော့  သူတို့နှစ်ဦး တရားဝင် ပြန်တွဲခဲ့ကြတယ်လို့ Us Weekly မှာ ဖော်ပြခဲ့ပါတယ်။ တကျော့ပြန် ချစ်ဇာတ်လမ်းကတော့  အချိန်သိပ်မကြာလိုက်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

သီချင်းသစ်  “Back To You” ရဲ့ chorus အပိုဒ်မှာ ပါတဲ့ ‘You could break my heart in two. But when it heals, it beats for you. I know its forward but it’s true…I know I’d go back to you,’ ဆိုတဲ့ စာသားက သူတို့နှစ်ဦးရဲ့ မကြာသေးခင်က ပြန်ပေါင်းထုပ် အခြေအနေကို ဖော်ပြတာလို့ ပရိသတ်တွေက ပြောနေပါတယ်။ ဒုတိယ  second verse က “‘We never got it right. Playing and replaying old convers ations. Overthinking every word and I hate it.’  ” ဆိုတဲ့ စာသားကတော့ အနိမ့်အမြင့် အတက်အကျများတဲ့ သူတို့ရဲ့ relationship ကိုဖော်ကျူးရည်ရွယ်တာလို့ fan တွေကတော့ ထင်ကြေးပေးနေပါတယ်။ တကယ်ပဲ JB ကို ရည်ရွယ်ထားတဲ့၊ JB အရိပ်အငွေ့တွေ ပြည့်နေတဲ့ သီချင်းဟုတ်၊မဟုတ် သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

Source daily mail