ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းကတော့ သူချစ်တဲ့ ပရိသတ်ကြီးကို လက်ဆောင် ပေးမယ်လို့ အစောကြီး က အသိပေး ထားခဲ့ပါတယ်။”စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အယ်ဘမ်သစ် ထွက်တဲ့ အမှတ်တရ အနေနဲ့ (၂၈)ရက်နေ့ကျရင် လက်ဆောင် ပေးမယ်လို့ စိုင်းစိုင်းက အစောကြီးက သူ့ရဲ့ Fb စာမျက်နှာကတစ်ဆင့် အခုလို အသိပေးထားခဲ့တာပါ။

“စိုင်းစိုင်းကစိုင်းစိုင်း🔥
အခွေသစ်ထွက်တဲ့ အမှတ်တရအနေနဲ့
သဘက်ခါ ၂၈ ရက်နေ့ကျရင် ပရိသတ်အားလုံးကို
လက်ဆောင်တစ်ခုပေးပါမယ်

အဲ့နေ့ကျရင်
See First လုပ်ပြီးစောင့်နေပါခင်ဗျာ…” ဆိုပြီး တင်ထားပါတယ်။

စာသားတွေကလည်း ပရိသတ်တွေရင်ထဲကို ထိစေတဲ့ စာသားဖြစ်ပြီး ပရိသတ်တွေကို ကျေနပ်မှု ရှိစေခဲ့တဲ့ သီချင်းတစ်ပုဒ်  ဖြစ်ခဲ့ပါတယ်။သီချင်းကိုတော့ ရန်ကုန်တက္ကသိုလ်မှာရိုက်ထားတာဖြစ်ပြီး MV ကို (၃)ရက်လောက် အချိန်ယူရိုက်ကူး ခဲ့တာ ပါ။ဒီMV ထဲမှာ စိုင်းစိုင်းနဲ့ အတူ ပါဝင်ထားသူကတော့ ဆေးကျောင်းသူလေး ပိုးမမှီသာ ပါ။သိဂါင်္ရ ဆိုတဲ့ အဓိပ္ပါယ် ကတော့ ချစ်ခြင်းအားဖြင့် လို့ အဓိပ္ပါယ်ရပါတယ်။ပရိသတ်တစ်ယောက်ကတော့ ..”အရမ်းကြိုက်တယ် စိုင်းရေ။ သိင်္ဂါရ ရသမြော က်စွာနဲ့ နှစ်ပေါင်းအစိတ်လောက် ပြန်လည်နုပျိုရင်ခုန်စွာ ခံစားရစေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ..” ဆိုပြီး  ချီး ကျူး ထားပါတယ်။သိင်္ဂါရ ရသ ဆိုတာကတော့ ချစ်ခြင်းမေတ္တာ တရားကိုဖွဲ့ထားတာပါ။

 စိုင်းစိုင်းရဲ့ (၉)ခုမြောက်အယ်ဘမ် “စိုင်းစိုင်းကစိုင်းစိုင်း” ကိုတော့ ဧပြီ (၁)ရက်နေ့မှာ ထွက်ရှိမှာပါ။အခွေကိုတော့ Junction Square မှာ နေ့လည် (1) နာရီ ကျရင် ဖြန့်ချီမှာပါ။ဒီအခွေအတွက် စိုင်းစိုင်းတစ်ယောက် အရမ်းကို ကြိုးစား ထား တာကို တွေ့ရပါတယ်။စိုင်းစိုင်းလက်ဆောင်ပေးလိုက်တဲ့ “”သိဂါင်္ရသီချင်းတစ်ပုဒ် ” ကို ဖော်ပြပေးလိုက်ပါတယ်။

Theingara Tha Chin Ta Bote

Dear Fans , This one is for you သိဂါင်္ရသီချင်းတစ်ပုဒ်😉Sai Sai Kham Leng Feat. Mg Mg Pyae SoneDirected by Win Lwin Htet

Posted by Sai Sai Kham Leng on Wednesday, March 28, 2018

from စိုင်းစိုင်းနဲ့ ပိုးမမှီသာရဲ့ fb