အဆိုတော် Katy Perry တစ်ယောက် နိုဝင်ဘာ(၇)ရက်နေ့က Los Angeles ၊ Staples Centre မှာ ဖျော်ဖြေမှု တစ်ခု လုပ်ခဲ့ပါတယ်။ ကြည့်ရတာ ကို့ရို့ကားယားနိုင်တဲ့ ၀တ်စုံတွေကိုဝတ်ပြီး တင်ဆက်ဖျော်ဖြေခဲ့တာပါ။ သူမရဲ့ စတုတ္ထမြောက် Tour ဖြစ်တဲ့ Witness World Tour ရဲ့ ဖျော်ဖြေတင်ဆက်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ အမေရိကန်တစ်ဝန်းမှာ Witness World Tour လုပ်နေတာပါ။ Katy Perry ဆိုတာကတော့ အမြဲတမ်း Performance အဆန်းကြီးတွေလုပ်ပြတတ်တဲ့ အဆိုတော်တစ်ယောက်အဖြစ် နာမည်ကြီးသူပါ။

ပြိုင်ဘက် Taylor Swift ရဲ့ အယ်ဘမ်သစ် Reputation မထွက်ရှိခင် ရက်ပိုင်းလောက်မှာပဲ ဒီလိုဖျော်ဖြေတင်ဆက်မှု အဆန်းတွေကို လုပ်ပြခဲ့တာပါ။ သူမရဲ့ သတ္တု (metal) ၀တ်စုံရဲ့ ဘေးမှာ အိန်ဂျယ်တောင်ပံ အကြီးကြီးတွေကို ချပြလိုက်တဲ့ ၀တ်စုံအဆန်းကိုလည်း ပွဲမှာတွေ့ရမှာပါ။

ဒါ့အပြင် သားရေ အနက်ရောင်နဲ့ ဆန်းပြားတဲ့ အ၀တ်အစားမှာတော့ နောက်ကကြည့်ရင် သူမရဲ့ တင်ပါးအစုံကို လှစ်ဟပြသထားတာကို တွေ့ရမှာပါ။ တကယ့်ကို ခွန်အားအပြည့်၊ အင်တိုက်အားတိုက်နဲ့ တင်ဆက်ရတဲ့ ပွဲတစ်ခု အဖြစ် Katy Perry က အသက်သွင်းပေးထားတာကို တွေ့ရမှာပါ။ ဘေးမှာရှိတဲ့ dancer တွေကလည်း သူမကို အကောင်းဆုံး ပံ့ပိုးပေးထားပြီး ကြည့်ရှုသူပရိသတ်တွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။

ဒီပွဲတစ်ခုလုံးလိုလိုမှာ Katy Perry က အသားကပ်၊ ကိုယ်ကျပ်ဝတ်စုံတွေကိုပဲ ရွေးချယ်ဝတ်ဆင်ပြတာကိုတွေ့ရမှာပါ။သီချင်းတွေနဲ့ ၀တ်စုံတွေကို အသေးစိတ်ကျကျနန ပြင်ဆင်ထားတယ်ဆိုတာကတော့ သိသာပါတယ်။ ငွေရောင်တွေ လက်လက်ထနေတဲ့ ၀တ်စုံ၊ နောက်တစ်ထည်ကတော့ အနီရောင် jumpsuit ကိုလည်း ၀တ်ဆင်ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။ ဒီအကြောင်းကိုတော့ the sun မှာ ဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။