JOOX Myanmar Top 100 Chart ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွက် ပရိသတ်အကြိုက်ဆုံး သီချင်း (၁၀)ပုဒ် စာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ဒီအကြောင်းကိုတော့ JOOX Myanmar  ရဲ့ fb မှာ ဖော်ပြထားပါတယ်။ကဲ… ပြီး ခဲ့တဲ့ အပတ်မှာ ဘယ်သီချင်းတွေ လူကြိုက်များခဲ့လဲဆိုတော့……………..။ဘယ်သီချင်းတွေ နားထောင် ဖြစ်နေကြလဲ…?

“JOOX Myanmar Top 100 Chart Link – bit.ly/JOOXMMMyanmarTopChart

(10)အဆင်ပြေပါတယ် (နီနီခင်ဇော်)

အသဲကွဲနေတဲ့ သူတွေကြားမှာ တော့ အရမ်းကို ရေပန်းစားနေတဲ့ နီနီ့ရဲ့ သီချင်းလေးပါ။ရင်ထဲက ဝေဒနာကို ကြိတ်မှိတ် ခံစားနေတဲ့ သူတွေ ရဲ့ ရင်ကို ထိမှန်စေတဲ့ သီချင်းလေးပါ။

(9)Old Town Road( Lil Nas X ft. Billy Ray Cyrus)

MV ကတော့ တကယ့်ကို အမိုက်စားလေးပါ။

(8)ငါ့ရည်းစားက ပိုမိုက်တယ်

Top 10 စာရင်းထဲမှာ အခုထိကို ရှိနေသေးတာကို ကြည့်ရင်တော့ ဒီသီချင်းဘယ်လောက် ထိ ပေါက်လဲ ဆိုတာကို သိနိုင်ပါတယ်။

(7) ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် (ချယ်ရီသင်း)

“အချစ်က လိုက်လို့ ပြေးတာလား…ပြေးလို့လိုက်တာလား………….” Tik Tok မှာလည်း အရမ်းကို ရေပန်းစား ခဲ့ပါတယ်။မြန်မာပြည်ဦးသိန်းတန်က ပြန်ဆိုတော့လည်း ပရိသတ်တွေ အရမ်းကိုကြိုက်ခဲ့ပါတယ်။

(6)Silent (ရွှေထူး ft.Mood )

ရွှေထူးရဲ့ Silent ကလည်း ပရိသတ်တွေ တော်တော်လေးအကြိုက်တွေ့ခဲ့ပါတယ်။

(5)On My Way(Alan Walker, Sabrina Carpenter & Farruko)

“I’m sorry but
Don’t wanna talk, I need a moment before I go……………..” တကယ်နား ထောင်လို့ ကောင်းတဲ့ သီချင်းလေးပါ။

(4)လိုင်းပေါ် မတင်ပါနဲ့( ဝေကြီး)

ထစ်ခနဲရှိရင် လိုင်းပေါ်တင်တတ်တဲ့ ချစ်သူလေးကို ဖျောင်းဖျ ချင်တဲ့ ပရိသတ်တွေအတွက် ဝေကြီးရဲ့ လိုင်းပေါ် မတင်ပါနဲ့ သီချင်းလေးပါ။

(3) I Do (X Box & MILD)

Beat တွေက တော်တော်လေး မိုက်ပါတယ်။ဆိုထားတာလေးရော တကယ်ကောင်းတဲ့ သီချင်းလေးပါ။

(2)Don’t You Know(Grace )

Crush ရှိတဲ့ သူတိုင်းရဲ့ ရင်ကို ထိမှန်စေတဲ့ သီချင်းလေးပါ။

(1)ကြည်ဖြူမယ်ဆိုရင်

သူငယ်ချင်းကို ကြိတ်ကြံ 😛  ကြိတ် Crush နေတဲ့သူတွေ အရမ်းများပုံရပါတယ်။လွှမ်းပိုင်ရဲ့ ကြည်ဖြူမယ်ဆိုရင် ဆိုတဲ့ သီချင်းလေးက ပရိသတ်နားဆင်မှု အများဆုံး သီချင်း အဖြစ် ရပ်တည်နေပါတယ်။

Image:fb/JOOX Myanmar

#CELENOW (Source:JOOX Myanmar )