John Legend နဲ့ Chrissy Teigen တို့ က တော့ ကမ္ဘာ ကျော်ဆယ်လီ စုံတွဲပါ။အဆိုတော် တေးရေး John Legend နဲ့   မော်ဒယ် Chrissy Teigen  တို့က တော့ (၂၀၀၇)ခုနှစ်က  “Stereo” ဆိုတဲ့ MV ရိုက်ကွင်း ပေါ်မှာ စဆုံ ခဲ့ ကြ ပြီး ၂၀၁၃ စက်တင်ဘာ မှာ လက်ထပ်ခဲ့တာပါ။ Chrissy Teigen ကြောင့် ဖြစ်ပေါ်လာရတဲ့ အချစ်သီချင်း တွေ အများကြီး ရှိပါတယ်။သီချင်းရေး ဆို တဲ့ သူတစ်ယောက် ဖြစ်တာ ကြောင့် ချစ်သူ(အခုတော့ ဇနီး) အ ပေါ် ထားတဲ့ အချစ် တွေ က လျှံ ကျ လာပြီး အရမ်းကောင်းတဲ့ သီချင်းတွေ ဖြစ် ပေါ်လာခဲ့ တာပါ။ဒီအ ကြောင်းကိုတော့ popsugar မှာ ဖော်ပြထားတာပါ။

“Good Morning”

“Good Morning” က တော့ Chrissy အတွက် John ရေးတဲ့ ပထမဆုံး သီချင်း ပါ။2008 album Evolver ထဲမှာ ပါပါတယ်။သီချင်းက တော့ မနက် ခင်း ချစ်သူစုံ တွဲ တွေ ရဲ့ sexy ကျကျ အချိန် လေးကို ပုံဖော် ထားတဲ့ သီချင်း မျိုး လေးပါ။”Good Morning”  ဆိုတဲ့ စကားလေးကို နားနားကပ်ပြီး တီးတိုးလေး ပြောချင်တဲ့ အ ကြောင်း နဲ့ ရေ မချိုး ခင်  လေး တစ်နာရီ လောက် အချိန် ပေးပါအုံး ဆိုတဲ့ အ ကြောင်းလေး တွေ လည်း သီချင်းထဲမှာ ပါပါတယ်။”Before you get into the shower,Before you worry about your hair,Baby give me one more hour…….” ။နားထောင်လို့ ကောင်းတဲ့ အချစ်သီချင်းလေးပါ။

“The Beginning”

ဒီသီချင်းလေးက တော့ သူတို့နှစ်ယောက် မင်္ဂလာ မ ဆောင်ခင် ထွက်လာတဲ့ သီချင်း လေးပါ။စာသား တွေ က ဘယ်သူ့ အတွက် လဲ တော့  မေးနေ ဖို့ တောင် မလိုပါဘူး။ Chrissy နဲ့ ပထမဆုံး ည ကို အတူ ကုန်ဆုံး ပြီး နောက် ရှေ့ လျောက် ပျော်စရာ အနာဂါတ် တည်ဆောက်ဖို့ စိတ်ကူးယဉ်ထားတာပါ။ဒီသီချင်းကို Chrissy မိဘ တွေရှေ့ မှာ ဖွင့်ပြတုန်းက သူမက ရှက် သွေး ဖြာ ခဲ့တယ်လို့ John က အင်တာဗျူး တစ်ခု မှာ ဖြေ ခဲ့ဖူးပါတယ်။ရှက်မယ်ဆိုရင်လဲ ရှက်သင့်ပါတယ်။သီချင်း အစ  ဒုတိယ Line မှာ ပါတဲ့ စာသားက “Couldn’t wait Did it in the living room..” ဆိုတော့…………..။

“You & I (Nobody in the World)”

Chrissy နဲ့ သူ့ရဲ့ Date Night သွားတဲ့ အ ကြောင်းလေးကို စဉ်းစားပြီး ဒီသီချင်းကို ရေးထားတာပါ လို့ John Legend က ပြောခဲ့ပါတယ်။ချုပ်တဲ့ နေရာမှာ အရမ်းတော်တဲ့ John က တော့ မိတ်ကပ် တွေ ၊အ၀တ်အစားအလန်းတွေ မ၀တ် ရ သေးခင် တည်းက သူ့မျက်လုံးထဲမှာ က Perfect ဖြစ် နေပြီးသားပါတဲ့ …။

“All of Me”

“All of Me” က တော့ အရမ်း အရမ်းကို နာမည်ကြီးတဲ့ အချစ်သီချင်း လေးပါ။ Chrissy အတွက် ရင် ဘတ်ကြီးနဲ့ ရေး ပေးထားတဲ့ သီချင်း ပါ။သူတို့ မင်္ဂလာ ဆောင်ရင် သုံးဖို့ ရည်ရွယ်ထားတဲ့ သီချင်းလေးပါလို့ လည်း အဲ့ဒီတည်းက John Legend က ပြောခဲ့ပါတယ်။တကယ်အရမ်းမိုက်တဲ့ သီချင်းလေးပါ။ဒီသီချင်းကို ကြား တော့ ငို တောင် ငိုမိတယ်လို့ Chrissy ကလည်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ငိုမယ်ဆိုလဲ ငို လောက် ပါတယ်။သီချင်းရဲ့ စာသားတစ်ကြောင်းစီတိုင်း ကို လုံးဝ Heart ထိ စရာ ကောင်းနေတဲ့ အချစ်သီချင်းလေးပါ။

 “Love Me Now”

ဒီသီချင်း MV ထဲမှာတော့ Chrissy နဲ့ သမီးလေး  Luna လည်း ပါဝင်ထားပါတယ်။သူတို့ တစ်တွဲပဲ တော့ မဟုတ်ပါဘူး။ကမ္ဘာတစ်ဝန်းက စုံတွဲေ တွကို ကိုယ်စားပြု ထားတဲ့ သီချင်းလေးပါ။

#CELENOW