အဆိုတော် J Fire ကတော့ အမိုက်စား Hip Hop သီချင်းတွေနဲ့ လူငယ်ပရိသတ်တွေ ကြားမှာ နာမည်ကြီးအောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ပါ။ မယုံနိုင်လောက်စရာ Body Transformation လုပ်ပြပြီး တကယ်ဖြစ်ချင်တဲ့ စိတ်သာရှိရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိကြောင်း (၄)လအတွင်း ပေါင်(၅၀)ကျော် ၀ိတ်ချပြီး သက်သေပြခဲ့သူပါ။

J Fire ကတော့ သူ့ရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ကို ချပြလိုက်ပါတယ်။ ဧပြီ (၂၂)ရက်နေ့က J Fire ဆိုတဲ့ Fb Page ကနေ တင်ခဲ့တာပါ။ ထူးခြားချက်ကတော့ ဒီသီချင်းဟာ J Fire ရဲ့ တကယ့် ဘ၀အကြောင်းကို ဖော်ကျူးထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းဟာ သူ့ရဲ့ အရမ်းကို နာကျင်ခက်ခဲခဲ့တဲ့ ဘ၀အစိတ်အပိုင်းဖြစ်ကြောင်း၊ အရင်တုန်းကတော့ ဒီအကြောင်းတွေကို ထုတ်ပြောရမှာ ရှက်မိခဲ့ကြောင်း (၃) ရက်လောက် ငိုပြီး ရေးစပ်ခဲ့ရတဲ့ သီချင်းလေးလို့ အင်တာဗျူးတစ်ခုမှာ J Fire  က ဖြေခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “ကောက်ရိုးလေး တစ်မျှင်” ပါ။ (၂၂)ရက်နေ့က တင်ပြီး (၂၅) ရက်နေ့ အထိတော့ J Fire  Fb Page တစ်ခုတည်းမှာတင်ပဲ ၀င်ကြည့်တဲ့သူ (862K Views) အထိ ရှိခဲ့ပါတယ်။ J Fire ကလည်း ဒီသီချင်း မထွက်ခင်တုန်းက သူ့ရဲ့ fb မှာ အခုလို တင်ထားပါတယ်…

“တစ်ချို့ သီချင်းလေးတွေရေးဖို့ အကြောင်းအရာလေးရဖို့ဖြတ်သန်းရတာ တစ်နှစ်ကြာတယ် တစ်ချို့သီချင်းတွေကျ လေးနှစ်လောက်ဖြတ်သန်းမှရတယ် တစ်ချို့က ဆယ်နစ်….မကြာခင် တင်မယ့် ကောက်ရိုးလေးတစ်မျှင်ရေးဖို့ နှစ်ဆယ့်လေးနှစ်ကြာဖြတ်သန်းခဲ့ရတယ်… Coming Soon. .” ဆိုပြီး တင်ခဲ့တာပါ။ သူ့ဘ၀ရဲ့ အနာကျင်ရဆုံး အကြောင်းအရာတွေနဲ့ ထုဆစ်ပုံဖော်ထားတဲ့ “ကောက်ရိုးလေးတစ်မျှင်” ကတော့ ဘ၀ကို ရုန်းကန်ကြိုးစားနေကြရတဲ့ လူငယ်တွေအတွက် ခံစားချက်ချင်းထပ်တူကျစေတဲ့ သီချင်းတစ်ပုဒ်ပါဆိုပြီး ပရိသတ်တွေဆီက တုံ့ပြန်မှုကောင်းကောင်း ကို ရထားပါတယ်။

My Fervent Hope

My Fervent Hope (ကောက်ရိုးလေးတစ်မျှင်) [Official Music Video]You Tube – https://www.youtube.com/watch?v=L0KbMzp0CkQ&feature=youtu.be

Posted by J Fire on Sunday, April 22, 2018

from J Fire ‘s fb