မိုးအေးအေးနဲ့ အိပ်ယာထဲမှာ သီချင်းကောင်းလေးတွေ နားထောင်ရင်း Feel ရတဲ့ အရသာကတော့ ဘာနဲ့ မှ နှိုင်းယှဉ် လို့ မရပါဘူး။ မိုးရာသီမှာ ဇာတ်လမ်းရှိခဲ့ဖူးတဲ့ သူတွေပဲဖြစ်ဖြစ်၊ မိုးရာသီကို ချစ်တဲ့သူတွေပဲ ဖြစ်ဖြစ်၊ မိုးအေးအေးလေးနဲ့ သီချင်းကောင်းကောင်းလေးတွေ နားဆင်ချင်ကြတဲ့ သူတွေအတွက် မိုးရာသီနဲ့ ပတ်သက်တဲ့ သီချင်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ လက်လှမ်းမီသလောက် ဖော်ပြပေးသွားတာမို့ မိုးနဲ့ပတ်သက်တဲ့ တခြား International သီချင်း ကောင်းလေးတွေ ရှိရင်လဲ အချင်းချင်း ဝေမျှပေးခဲ့အုံးနော်…..

(1)Bruno Mars – It Will Rain

Bruno Mars ကတော့ Baby ကို ဆုံးရှုံးရမယ်ဆိုရင် ကောင်းကင်ကြီးလဲ မကြည်လင်နိုင်တော့ဘူး..တိမ် တွေ လို ဖြစ်သွားမယ်လို့ ပြောထားပါတယ်။if you walk away , Everyday it’ll rain ..ဆိုပြီး ခံစားချက် အပြည့်နဲ့ သီဆိုထားပါတယ်။

2. Adele – “Set Fire to the Rain”

 

နောက်ထပ် မိုးနဲ့ပတ်သက်တဲ့ အမိုက်စား သီချင်းတစ်ပုဒ်အနေနဲ့ Adele ရဲ့ “Set Fire To The Rain” ဆိုတဲ့ သီချင်းကို ရွေးပေးချင်ပါတယ်။သီချင်းလေးကတော့ မိုးရာသီနဲ့ လိုက်ဖက်ပြီး တကယ့်ကို Feel လို့ ကောင်းတဲ့ သီချင်း လေးပါ။

(3)Rihanna – “Umbrella”

ဒီသီချင်းလေးထဲမှာတော့ Rihanna က ချစ်သူကောင်လေးကို အေးအတူ ပူအမျှအနားမှာ ရှိနေပေးမယ့် အကြောင်းကို ပြောပြထားပါတယ်။သူမရဲ့ ထီးအရိပ်အောက်မှာ ခိုလို့ ရပါတယ် ဆိုပြီးတော့လည်း ပြောထားတဲ့ သီချင်းမြူးလေးပါ။

(4)The Weeknd – Tears In The Rain

သီချင်းလေးကို နားထောင်  လိုက်ရင်တော့ The Weeknd ကတော့ မိုးထဲမှာ ဘယ်လိုတွေ မျက်ရည်ကျထားလဲ ဆိုတာကို သိရမှာပါ။

(5)Taylor Swift – Clean

Taylor Swift သီဆိုထားတဲ့ မိုးနဲ့ပတ်သက်တဲ့၊ မိုးရေတွေကြားထဲက Love Story သီချင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ “Clean” ဆိုတဲ့ သီချင်းချိုချိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

Celenow