ကနေ ဒါ အဆိုတော် The Weeknd က တော့ ဒီနှစ် American Music Awards ရဲ့ ဆုဆန်ခါတင်စာရင်းမှာ ထိပ် ဆုံး က နေ ဦး ဆောင် နေပါတယ်။သူနဲ့ အတူ အ မေရိကန် ရက်ပ်ပါအဆိုတော် Roddy Ricch ကလည်း ဆု စာရင်းမှာ ဦးဆောင် နေပါတယ်။ Megan Thee Stallion က တော့ ပထမဆုံး အကြိမ် ဆန်ခါတင်စာရင်းထဲကို ပါဝင် လာခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Asia One မှာ ဖော်ပြထားပါတယ်။
Roddy Ricch က တော့ တက်သစ် စ အဆိုတော် ၊ အသက်က တော့ (၂၂)နှစ် ဖြစ်ပြီး ကယ်လီဖိုးနီးယား က ပါ။ The Weeknd က တော့ အသက် (၃၀) ဖြစ်ပြီး Artist of the Year အပါအ၀င် တခြား ဆု စုစုပေါင်း (၈)ဆု ဆန်ခါ တင်စာရင်း ၀င် ထားပါတယ်။Artist of the Year ဆု အတွက် တော့ Justin Bieber, Post Malone ၊ Taylor Swift တို့ နဲ့ ယှဉ်ပြိုင် ရ မှာပါ။
အသက် (၂၅)နှစ်အရွယ် အမေရိကန် ရက်ပ်ပါ မလေး Megan Thee Stallion က တော့ New Artist of the Year ၊ and Collaboration of the Year အပါအ၀င် ဆု ငါးဆု ဆန်ခါတင်စာရင်း ၀င် ထားပါတယ်။ Collaboration of the Year အတွက် က တော့ Cardi B နဲ့အတူ သီဆိုထားတဲ့ WAP ပါ။အဲ့ဒီသီချင်းက တော့ အရမ်းကို ပေါက်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး အရမ်း ရေပန်းစားလာတဲ Latin Music က တော့ ဒီနှစ်မှာ Favourite Album, Favourite Song, Favourite Male နဲ့ Female Artists ဆုတွေ ရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာကို လည်း တွေ့ ရပါတယ်။အဆိုတော် Bad Bunny က တော့ သူ့ရဲ့ အယ်ဘမ် နှစ်ခု ဖြစ်တဲ့ YHLQMDLG ၊ Las Que No Iban A Salir (The Ones That Were Not Coming Out) တို့ နဲ့ စာရင်းမှာ ပါဝင်လာပါတယ်။J Balvin, 35 က တော့ Favourite Male Latin Artist ဆန်ခါတင်စာရင်းမှာ ပါဝင် လာပါတယ်။
Grammy ဆု ငါးဆု သိမ်းပိုက်ထားတဲ့ အသက် (၁၈)နှစ်အရွယ် အဆိုတော် မလေး Billie Eilish က တော့ Alternative Rock Artist ၊Favourite Social Artist ဆု ဆန်ခါတင်စာရင်း ၀င်ထားပါတယ်။BTS က တော့ Favou rite Group ၊ Favourite Social Artist ဆန်ခါတင် ထားပါတယ်။
American Music Award မှာ ဆုတွေ အများကြီး သိမ်းပိုက် ထားပြီး စံချိန် တင်ထားတဲ့ Taylor Swift က တော့ Favourite Album ၊Favourite Music Video အပါအ၀င် ဒီနှစ်မှာလည်း (၄)ဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။Fan တွေ ရဲ့ မဲ ပေးရွေးချယ်မှုနဲ့ ဆုံးဖြတ်မယ့် ဒီဆု ပေးပွဲကို တော့ လာမယ့် နိုဝင်ဘာ (၂၂)ကျရင် အမေရိကန် လော့ အိန်ဂျလိစ် မြို့မှာ ကျင်းပပြု လုပ်မှာပါ။
#CELENOW