ဘောလိဝုဒ်ရုပ်ရှင်ကားတွေကလည်း ကမ္ဘာတစ်ဝန်းမှာပါ လွှမ်းမိုးမှုရှိပါတယ်။အိန္ဒိယရဲ့ ပထမဆုံး ရုပ်ရှင်(အဖြူ၊အမည်း)ဇာတ်ကားရဲ့ နာမည်ကတော့  “Raja Harishchandra” ပါ။ (၁၉၁၃) ခုနှစ်က Dadasaheb Phalke ကထုတ်ခဲ့တာပါ။နောက်ပိုင်းမှာတော့ ဘောလိဝုဒ်ဇာတ် ကားေ တွဟာ ရုပ်ရှင်လောကထဲမှာ အတော်လေးကျယ်ကျယ်ပြန့်ပြန့်နေရာယူလာတာကို တွေ့ရပါ တယ်။ (၁၉၆၀)ကစပြီး ဘောလိဝုဒ်ဇာတ်ကားတွေဟာ အောင်မြင်မှုရလာခဲ့တာဟာ ဒီနေ့ဒီအချိန်ထိပါ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ၀င်ငွေအကောင်းဆုံး ရရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

1. Dangal

ဒီကားကိုတော့ မကြည့်ရသေးတဲ့သူရှားမှာပါ။ဒီဇာတ်ကားဟာ အိန္ဒိယနပန်းသမားကြီး Mahavir Singh Phogat ရဲ့ အကြောင်းကို ရိုက်ထားတာပါ။မင်းသားကြီး Aamir Khan က အဓိဇာတ်ေ ကာင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။Dangal က အမေရိကားမှာ (၂၀၁၆)ဒီဇင်ဘာ (၂၁) ရက်နေ့၊ကမ္ဘာ တစ်ဝန်းမှာတော့ ဒီဇင်ဘာ(၂၃)မှာ ပြသခဲ့ပါတယ်။အိန္ဒိယမှာဆိုရင် ရုံပေါင်း (၄၃၀၀) ၊နိုင်ငံတကာ မှာဆိုရင် ရုံပေါင်းတစ်ထောင်မှာ ပြသခဲ့ပါတယ်။အင်္ဂလိပ်စကားပြောမဟုတ်ပဲ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်ကားစာရင်းရဲ့ နံပါတ်ငါးနေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။ကမ္ဘာတစ် ၀န်းကနေ ၀င်ငွေ ကန်ဒေါ်လာသန်း(၂၄၀)ရခဲ့ပါတယ်။

2. PK (Peekay)

PK ကားလည်း ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ပြီးကားဖြစ်မှာပါ။ဒါရိုက်တာကတော့ Rajkumar Hirani ဖြစ်ပြီး မင်းသား Aamir Khan အပါအ၀င် တခြားအနုပညာရှင်တွေ အ များကြီး ပါဝင်ထားပါတယ်။PK ဇာတ်ကားဟာ ကြည့်ရှုသူပရိသတ်တွေဆီကနေ positive rev iews တွေ အများဆုံးရတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကဆိုရင် အိန္ဒိယရဲ့ ၀င်အကောင်းဆုံးဇာတ်ကား၊(၂၀၁၄)ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းမှာ ၀င်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ်(၇၀)နေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။(၂၀၁၄)ခုနှစ်ရဲ့ အကောင်းဆုံး အိန္ဒိယ ဇာတ်ကားဖြစ်ခဲ့ပြီး အိန္ဒိယမှာဆိုရင် ရူပီး(၇)ဘီလီယံ၊ကမ္ဘာတစ်ဝန်းမှာဆိုရင် ၀င်ငွေ ကန်ဒေါ်လာ သန်းတစ်ရာရခဲ့တဲ့ ဇာတ်ကားပါ။

3. Baahubali 2 Hindi (2017)

ဒီကားမှာတော့ Prabhas, Rana Daggubati, Anushka Shetty, Ramya Krishnan, Tamannaah, Sathyaraj ၊ Nassar တို့ပါဝင်ထားပါတယ်။(၂၀၁၇)ဧပြီတုန်းက ထွက်ရှိခဲ့ တာပါ။ Baahubali 2 ကလည်း PK လိုပဲ positive reviews တွေ အများကြီး ရခဲ့တဲ့ ဇာတ် ကားပါ။ဝင်ငွေကတော့ ထွက်ရှိပြီး (၆)ရက်အတွင်းမှာပဲ ကန်ဒေါ်လာ သန်း(၁၂၀) ရခဲ့ပါတယ်။ထွက် ရှိပြီး (၁၀) ရက်အတွင်းမှာပဲ ကန်ဒေါ်လာ သန်း(၁၆၀) ရခဲ့ပါတယ်။ Telstra People’s Choice Award ရခဲ့ပါတယ်။

4. Bajrangi Bhaijaan

Salman Khan ရဲ့ “Bajrangi Bhaijaan” က ‘Happy New Year’, ‘3 Idiots’ တို့ရဲ့ ၀င်ငွေကို ကျော်ဖြတ်ခဲ့ပါတယ်။ပြည်တွင်းမှာတော့ ထွက်ပြီး (၉)ရက်အတွင်းမှာပဲ ၀င်ငွေ ရူပီး( ₹200 crore) ရခဲ့ပါတယ်။“PK” နဲ့“Dhoom 3”  တို့ပြီးရင် ထွက်ပြီး (၉)ရက်အတွင်း ရူပီး (₹200 crore)ရခဲ့တဲ့ တတိယမြောက်ဇာတ်ကားပါ။

5. Sultan

Salman Khan, Anushka Sharma, Amit Sadh, Randeep Hooda တို့ပါဝင်ထား ပါတယ်။ Sultan ကတော့ အက်ရှင်၊အချစ် ရသပေါင်းစုံပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားပါ (၂၀၁၆) ဇူလိုင် (၆)ရက်နေ့က ထွက်ရှိထားတာပါ။ဝင်ငွေကတော့ ကမ္ဘာတစ်ဝန်းမှာ ရူပီး (₹ 589.25 crore) ရရှိခဲ့ပါတယ်။ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အိန္ဒိယဇာတ်ကားနံပါတ်(၆) နေရာကို ရပ်တည်ခဲ့တဲ့ ဇာတ်ကားပါ။

6. Dhoom 3: Back in Action

“Dhoom 3” ကတော့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအိန္ဒိယဇာတ်ကားစာရင်းရဲ့ နံပါတ် (၇) နေရာကို ရပ်တည်နိုင် ခဲ့တဲ့ ဇာတ်ကားပါ။Aamir Khan ၊ Katrina Kaif တို့ ပါဝင်ထားပါတယ်။ထွက်ပြီး နှစ်ပတ်အတွင်းမှာပဲ ၀င်ငွေ ကန်ဒေါ်လာ(၈၅)သန်းရခဲ့တယ်။

7. Chennai Express

Chennai Express ကတော့ အိန္ဒိယရဲ့ ရိုမန်တစ်အ်က်ရှင်ကားပါ။ Shahrukh Khan နဲ့ Deepika Padukone  တို့ သရုပ်ဆောင်ထားပါတယ်။(၂၀၁၃)ရဲ့ ၀င်ငွေအကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားပါ။3 Idiots (2009)ရဲ့ ၀င်ငွေစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။နိုင်ငံတကာမှာ တတိယမြောက် ၀င်ငွေအကောင်းဆုံးဘောလိဝုဒ်ဇာတ်ကားဖြစ်ခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းကနေ ၀င်ငွေ  (US$65 million) ရခဲ့ပါတယ်။

8. Prem Ratan Dhan Payo

(2015)ရိုမန်တစ် ဒရမ်မာဇာတ်ကားပါ။Salman Khan နဲ့ Sonam Kapoor တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။(၂၀၁၅) နိုဝင်ဘာ (၁၂)ရက်နေ့က ထွက်ရှိခဲ့တာပါ။ကမ္ဘာတစ်ဝန်းကနေ ၀င်ငွေ အမေရိကန်ဒေါ်လာ (၆၃) သန်းရခဲ့ပါတယ်။

9. 3 Idiots

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ခဲ့ဖူးပါတယ်။(၂၀၀၉)ခုနှစ်က ဇာတ် ကားဖြစ်ပြီး ဒါရိုက်တာ Rajkumar Hirani ဖြစ်ပြီး Aamir Khan ပါဝင်ထားပါတယ်။အဲ့ဒီအချိန် တုန်းကဆိုရင် အရှေ့အာရှရဲ့ ရုပ်ရှင်ဈေးကွက်မှာ အောင်မြင်မှုရတဲ့ ဘောလိဝုဒ်ဇာတ်ကား အနည်း ငယ်ပဲ ရှိတဲ့ အထဲမှာမှ ဒီကားကလည်း အဲ့ဒီအနည်းငယ်ထဲမှာ ပါဝင်နိုင်ခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှာ ၀င်ငွေ အမေရိကန်ဒေါ်လာ (၈၈)သန်းရခဲ့ပါတယ်။

10. Happy New Year

ဇာတ်ကားရုံတင်ပြသလိုက်တဲ့ တစ်နေ့တည်းမှာပဲ ၀င်ငွေ ကန်ဒေါ်လာ (၇.၃) သန်းရ ခဲ့ပါတယ်။(၂၀၁၄) အောက်တိုဘာ (၂၄)က ထွက်ရှိခဲ့တာပါ။Shahrukh Khan နဲ့ Deepika Padukone တို့ ပါဝင်ထားပါတယ်။ကမ္ဘာတစ်ဝန်းက ၀င်ငွေအကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားစာရင်းမှာ နံပါတ်(၉)နေရာကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

from wonderslist

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။