အခုနောက်ပိုင်းမှာတော့ ကိုရီးယားဇာတ်လမ်းတွဲတွေကိုတင် မဟုတ်ပဲ ထိုင်းဒရမ်မာဇာတ်ကားတွေ ကိုလည်း ပရိသတ်တွေက အကြိုက်တွေ့လာတာကို တွေ့ရပါတယ်။ထိုင်းဇာတ်ကားတွေကိုမှ ကြိုက် နှစ်သက်တဲ့ ပရိသတ်တွေအတွက် (၂၀၁၈)မှာ အသစ်ထွက်ရှိလာမယ့်၊ပရိသတ်တွေလည်း သေချာ ပေါက်အကြိုက်တွေ့မယ့် ဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Nang Thip

ဒီဒရမ်မာကားမှာတော့ အဓိကဇာတ်ကောင်တွေနေရမှာ Thai channel 7  ရဲ့ ထိပ်တန်းမ င်းသမီးတွေဖြစ်တဲ့ Min Pechaya, Pooklook Fonthip နဲ့ Mookda Narinrak တို့ ပါဝင်ကြမှာပါ။

2. Sai Lohit

Sai Lohit ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး TV ဒရမ်မာဖြစ်ပြီး ပရိသတ်တွေ စောင့်ဆိုင်းနေကြ တဲ့ ဇာတ်ကားတစ်ကားပါ။ Porshe Saran နဲ့ Now Tisanart တို့ပါဝင်သရုပ်ဆောင်ထားပါ တယ်။

3. Lep Krut

အက်ရှင်ဒရမ်မာကားဖြစ်ပြီး  Cee Siwat နဲ့Yui Jiranan တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

4. Por Mod Jao Sanae

စိတ်ကူးယဉ်ဒရမ်မာကားမျိုးဖြစ်ပြီး တက်သစ်စတွေဖြစ်တဲ့ Donut Phattharapon နဲ့ Pim Pimprapa တို့ပါဝင်ထားပါတယ်။

5. Khun Chai Kai Tong

ဟာသဇာတ်ကားမျိုးဖြစ်ပြီး Donut Phattharapon နဲ့ Bow Maylada တို့ပါဝင်ထားပါတယ်။

6. Likit Ruk – The Crown Princess

ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဇာတ်ကားဖြစ်ပြီး ထုတ်လုပ်သူကတော့မင်းသမီးချော Anne Thongprasom ပါ။

7. Kom Faek

ပရိသတ်တွေရဲ့ အချစ်တော် Mark Prin နဲ့အတူ မင်းသမီး Kimmy Kimberley တို့ကို ဒီကားမှာ တွေ့ရမှာပါ။

8. Krung Gum

James Jirayu နဲ့ Bella Ranee တို့ပါဝင်မှာပါ။ဒါပေမယ့် စုံတွဲအနေနဲ့ ပါဝင် သရုပ်ဆောင် တာမျိုးတော့ မဟုတ်ပါဘူး။

9.My Love From The Star

ကိုရီးယားဇာတ်ကား My Love From The Star ကို ထိုင်းက ပြန်ရိုက်ထားတာပါ။

from dara

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။