MRTV-4 ဇာတ်လမ်းတွဲတွေကို နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေ အတွက် ဇာတ်လမ်းတွဲ အသစ် တစ်ခု ဒီကနေ့ (ဇူလိုင် ၂)ရက်နေ့မှာ စတင်ထုတ်လွင့်ပြသတော့မှာပါ။ ပရိသတ်တွေအကြိုက်တွေ့တဲ့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်လာ အုံး မှာတော့ အသေအချာပါ။ ဇာတ်ဝင်တေးသီချင်းလေးကို TV မှာ ပြသချိန်တည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေး မှုကို အပြည့်အ၀ကို ရခဲ့တာပါ။ ” မတွေ့ဖြစ်ကြပေမယ့်” ဆိုတဲ့ ဇာတ်ဝင်သီချင်းလေးကိုတော့ ဝေကြီးက ရေးစပ် ထား တာပါ။

Image:fb/Poe Kyar Phyu Khin
Image:fb/Zell Roland
Image:fb/Zell Roland

“ကြယ်ကလေးရဲ့ ကောင်းကင်” ဇာတ်ကားမှာတော့ ခန့်စည်သူ၊ကျော်ထက်ဇော်၊ ပိုးကြာဖြူခင်၊ မေဆူးမောင်၊ ဝေယံ ကျော်၊ သု တအောင်၊ Zell Roland စိုးမိုးကြည် မေကဗျာ ဖြိုးအိန္ဒြာမင်း ငြိမ်းစုဝေ ….အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ ပိုးကြာဖြူခင်ရဲ့ အကောင့်မှာလည်း သူမရဲ့ ဇာတ်လမ်းတွဲ လေးကို အားပေးဖို့ နှိုးဆော် ထားပါတယ်။

“ကြယ်ကလေးရဲ့ကောင်းကင် ဇာတ်လမ်းတွဲ အပိုင်း(၁)
ဒီနေ့ည ၈:၄၅ မှာ လာတော့မယ်နော် 😍 R U READY???..” ဆိုပြီး တင်ထားပါတယ်။

Image:fb/Poe Kyar Phyu Khin
Image:fb/Poe Kyar Phyu Khin

“ကြယ်ကလေးရဲ့ ကောင်းကင်” ဇာတ်လမ်းတွဲကိုတော့ ဇူလိုင်လ (၂)ရက်နေ့မှ စတင်ကာ တနင်္လာ – သောကြာ နေ့ အထိ ညစဉ် (၈)နာရီ (၄၅)မှာ ထုတ်လွှင့်ပြသသွားမှာပါ။

Image:fb/Poe Kyar Phyu Khin
Image:fb/May Sue Maung
Image:fb/Zell Roland

Source ပိုးကြာဖြူခင်ရဲ့ fb