Jang Dong-gun က တော့ ပရိသတ်တွေကြားမှာ ဒါရိုက်တာရင် ဆိုပြီး အရမ်းကို နာမည်ကြီးခဲ့တဲ့ မင်းသားတစ်ယောက်ပါ။ကိုရီးယား မင်းသားထဲမှာဆိုရင်တော့ အရမ်းကို Handsome ဖြစ်ပြီး Gentleman စတိုင် အပြည့်နဲ့ မင်းသားပါ။ Jang Dong-gun ရဲ့ ဒီလို ရုပ်ရည် သွင်ပြင် ကြောင့်ပဲ မိန်းက လေးတွေ က ၀ိုင်းကြွေရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ခိုင် ဇာတ်ကောင် မျိုးတွေ ကို သရုပ် ဆောင်ရ လေ့ရှိပါတယ်။ Jang Dong-gun ရဲ့ ပရိသတ်တွေ အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ဒီဇာတ်ကားက တော့ တရုတ်ဇာတ်ကားပါ။တရုတ် ဇာတ်ကားတွေ ရိုက်ဖူးတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ Jang Dong-gun က တော့ တစ်ယောက် အပါအ၀င် ပါ။ဇာတ်ကားနာမည်က တော့ Dangerous Liaisons (2012)ပါ။ဇာတ်ကား အကြော င်းကို မပြောခင်မှာ ဒီကားကိုတော့ (၁၈)နှစ်အထက် မှ ကြည့်သင့်တဲ့ ဇာတ်ကား ဆိုပြီး သတ်မှတ် ထားတယ်ဆိုတာ လေးကို အရင် ပြော ချင်ပါတယ်။(၁၈)နှစ်အထက် လို့သာ သတ်မှတ်ထားပေမယ့် လည်း နာမည်ကြီး မင်းသား Jang Dong-gun ရိုက်တဲ့ ကားမို့ အရမ်းကို ညစ်ညစ်ည မ်းညမ်းကြီး ရိုက်ထားတဲ့ ကားမျိုးတော့ လုံးဝ လုံးဝ မဟုတ်ပါဘူး။
သေချာ တာ တစ်ခုက တော့ ဒီဇာတ်ကားမှာ Jang Dong-gun ရဲ့ လုံးဝ Handsome ဖြစ်မှုကြီး တွေကို တွေ့ ရမှာပါ။ပြင်သစ် စာရေး ဆရာ Pierre Choderlos de Laclos ရဲ့ (၁၇၈၂)ခုနှစ်က ၀တ္ထု ကို အခြေ ခံရိုက်ထား တာပါ။ အဲ့ဒီ ၀တ္ထုကို အ ခြေခံရိုက်ထားတဲ့ ဇာတ်ကား တွေ မှ အများကြီး ရှိပါတယ်။ ဒီဇာတ်ကားကိုတော့ 2012 Cannes Film Festival, 2012 Toronto International Film Festival, 2012 Busan International Film Festival တို့မှာ ပြသခဲ့ပါတယ်။ ခေတ်က တော့ ခေတ်ဟောင်း ပုံစံ၊(၁၉၃၀)ခုနှစ်တွေ တုန်းက ပုံစံ မျိုး ရိုက်ထား တာပါ။Jang Dong-gun က တော့ တရုတ်မင်းသမီး Zhang Ziyi ၊ Cecilia Cheung တို့နဲ့ အတူ တွဲ သရုပ်ဆောင်ထားတာပါ။
I appreciate them all, but I’m particularly partial to 47 y.o. #JangDongGun for an obvious reason. Only he could make a cruel selfish dictator this charismatic. #TaGon #ArthdalChronicles pic.twitter.com/XMSY3Ixun4
— Country Girl loves books + Van Gogh🌱 (@sunshinerOT5) September 7, 2019
ဒီကားမှာတော့ အရမ်းချမ်းသာပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးနေရာက နေ Jang Dong-gun က သရုပ်ဆောင် ထားပါတယ်။မိန်းမ ကျမ်း ကြေတဲ့သူ ကြီး နေရာ ကနေ သရုပ်ဆောင်ထားပါတယ်။ ခင်ပွန်းအ ပေါ် စွဲလန်း အချစ်ကြီး လွန်းတဲ့ မုဆိုးမ လေးကို ရ အောင် လိုက် ခဲ့ပါတယ်။သေသွားတဲ့ ခင်ပွန်း အပေါ် မ မေ့ နိုင် သေးတဲ့ မုဆိုး မလေး ကြွေ လာအောင် ယောက်ျား မာယာ တွေ နဲ့ ဆွဲဆောင် ခဲ့ပါတယ်။နော က်ဆုံး မှာတော့ မချစ်တတ်ဘူး၊အချစ်ကို အယုံအကြည်မရှိဘူး၊အချစ်တိုက်ပွဲမှာ သူ့ကိုယ်သူ Player ကြီး လို့ ထင် ထား ခဲ့၊ယုံကြည်မှု အပြည့်ရှိခဲ့တဲ့ Jang Dong-gun တစ်ယောက် မုဆိုးမလေးနဲ့ တွေ့မှ ဘယ်လိုတွေ ပြောင်းလဲ သွားမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။
#CELENOW