ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိပါတယ်။ တစ်ချို့ရုပ်ရှင်တွေက ဖျော်ဖြေရေး သက်သက်၊ တစ်ချို့ကတော့ ကြည့်တဲ့သူအတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ Messages တွေကို ပေးနိုင်တဲ့ ဇာတ်ကားမျိုးတွေ အများကြီးပါ။ ကြည့်တဲ့သူရဲ့ ရင်ထဲမှာ တစ်စုံတစ်ခု ကျန်နေစေမယ့်၊ အထူးသဖြင့် မိန်းကလေးတွေ ကြည့်သင့်တဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
(1)Secret Superstar
(၂၀၁၇) အောက်တိုဘာ (၁၉)ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကားလေးပါ။ မင်းသား Aamir Khan ပါဝင်ထားပါတယ်။ အဆိုတော် စူပါစတားဖြစ်ချင်တဲ့ မွတ်စလင်ကောင်မလေး၊ ခင်ပွန်းသည် အိမ်ထောင်ဦးစီးရဲ့အာဏာကို မလွန်ဆန်ရဲတဲ့၊ ယောက်ျားရဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံရပေမယ့် သမီးရဲ့ ဆန္ဒကို တက်နိုင်သမျှ ဖြည့်ဆည်းပေးတဲ့ မိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်တွေကို တွေ့ရမှာပါ။ မကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကားပါ။
2.Pink
မင်းသားကြီး Amitabh Bachchan ပါဝင်ထားပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြံစည်ခံရ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတဲ့ မိန်းကလေး (၃)ယောက်က အမျိုးသားတစ်စုကို တရားစွဲဖို့လုပ်ခဲ့ပြီး၊ Amitabh Bachchan က အဲ့ဒီမိန်းကလေးတွေဘက်က ရှေ့နေလိုက်ပေးသူပါ။ Feminist ရုပ်ရှင်ကားတစ်ကားပါ။ ဒီကားဟာ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးထုနဲ့ ဒီကားကိုကြည့်တဲ့ တခြားနိုင်ငံတွေက အမျိုးသမီးတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ ဇာတ်ကားတစ်ကားပါ။
3.Mary Kom
မကြည့်ဖူးသေးရင် သေချာပေါက်ကြည့်သင့်၊ လုံးဝလက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါ။ Mary Kom လို့ လူသိများတဲ့ Boxing World Championships ဆုရှင်အမျိုးသမီးရဲ့ အကြောင်းကို ရိုက်ထားတာပါ။ Priyanka Chopra က Mary Kom အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကြည့်တဲ့သူကို စိတ်ဓါတ်ခွန်အားတွေ အများကြီးပေးနိုင်တဲ့ ဇာတ်ကားကောင်းပါ။
4.Neerja
ဒီကားကလည်း တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ထားတဲ့ ဇာတ်ကားပါ။ ၁၉၈၆ ခုနှစ်၊ စက်တင်ဘာ(၅)ရက်နေ့က Pan Am Flight 73 လေယာဉ်ဟာ အနုကြမ်းစီးခံခဲ့ရပါတယ်။ အဲဒီလေယာဉ်မှာလိုက်ပါသွားပြီး အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်သေဆုံးခဲ့ရတဲ့ Neerja Bhanot ဆိုတဲ့ အသက်(၂၃)နှစ်အရွယ် လေယာဉ်မယ်လေးရဲ့ အကြောင်းပါ။ ခရီးသည်တွေ အရေးပေါ်ထွက်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကူညီပေးရင်း ပစ်သတ်ခံလိုက်ရတာလို့ wiki ထဲမှာဖော်ပြထားပါတယ်။
5.Akira
သတ္တိရှိတယ်ဆိုတာ စိတ်ထဲမှာ ကြောက်စိတ်တွေ အရှင်းမရှိတော့တာမျိုး မဟုတ်ဘဲ စိတ်ဓါတ်ခွန်အားနဲ့ ကြောက်စိတ်တွေကို တိုက်ထုတ်နိုင်တာမျိုးဆိုတာက ဒီကားကပေးတဲ့ Message ပါ။ မင်းသမီး Sonakshi Sinha သရုပ်ဆောင်ထားတာပါ။ ကောလိပ်ကျောင်းသူတစ်ယောက်က သူမရဲ့ အပြစ်ကင်းစင်မှုကို ဘယ်လိုမျိုး သတ္တိရှိရှိနဲ့ သက်သေပြတာ၊ အမှန်တရားအတွက် ဘယ်လိုတွေတိုက်ပွဲဝင်မယ်ဆိုတာကို ဒီကားမှာ တွေ့ရမှာပါ။