Fifty Shades ရုပ်ရှင်ရဲ့ စီးရီးတစ်ခုဖြစ်တဲ့ ‘Fifty Shades Freed’ ဇာတ်ကားရဲ့ Trailer  နိုဝင်ဘာ(၆)ရက်နေ့က ထွက်ရှိလာခဲ့ပါပြီ။ Trailer ရဲ့ အချိန်ကြာမြင့်ချိန်ကတော့ (၂) မိနစ်ပါ။ဒီ Trailer ထဲမှာတော့ Christian Grey (Jamie Dornan) နဲ့ Anastasia Steele (Dakota Johnson) တို့ လက်ထပ်ကြတဲ့ ပုံတွေလည်း တွေ့ရပါတယ်။

Fifty Shades ကတော့ အမေရိကန်ရုပ်ရှင်စီးရီးတစ်ခုပါ။အင်္ဂလိပ် စာရေးဆရာမ E. L. James ရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားပါ။ရိုမန်တစ် ရမ္မက်နှိုးကြွစေတဲ့ ရုပ်ရှင်အမျိုးအစားပါ။အသက် (၁၈) နှစ်အောက်ေ တွ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါတဲ့ ဇာတ်ကားစီးရီးပါ။Dakota Johnson နဲ့ Jamie Dornan တို့က အဓိကနေရာကနေ ပါဝင်ထားပါတယ်။ဝေဖန်သံတွေ အများကြီးထွက် ခဲ့သလို တစ်ဖက်မှာလည်း အားပေးသူတွေ အရမ်းများခဲ့ပါတယ်။

ပထမဆုံးဇာတ်ကားဖြစ်တဲ့ Fifty Shades of Grey ကတော့ (၂၀၁၅) ဖေဖော်ဝါရီ (၁၃) ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ဒုတိယမြောက်ဇာတ်ကား  Fifty Shades Darker ကတော့ (၂၀၁၇) ဖေဖော်ဝါရီ(၁၀) မှာ ထွက်ရှိခဲ့ပါတယ်။အခုအသစ်ထွက်ရှိမယ့် Fifty Shades Freed ကိုတော့ (၂၀၁၈)ဖေဖော်ဝါရီ (၉) မှာ ထွက်ရှိမှာပါ။ဇာတ်ကားတွေအားလုံးဟာ  ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့မတိုင်ခင်မှာ ထွက်ရှိခဲ့တာကို တွေ့ရပါတယ်။

ref;usatoday