ကိုယ့်ရဲ့ အပေါင်းအသင်းတွေထဲမှာ ကိုရီးယားဇာတ်ကားတွေကို မကြိုက်တဲ့သူတွေ ရှိကောင်းရှိမှာပါ။ အဲ့ဒီအခါမျိုးမှာ ဘယ်ကိုရီးယားဇာတ်ကားတွေက ကောင်းတယ်၊ ဘယ်ကားလေးတွေကို ကြည့်ပါလို့ ညွှန်းပေးသင့်တဲ့ ကိုရီးယားဇာတ်ကား ကောင်းကောင်းလေးတွေ ရှိပါတယ်။ကိုရီးယားဇာတ်ကားတွေကို ကြိုက်နှစ်သက်ပြီးသား ဆိုရင်လည်း ဒီကားတွေထဲမှာ မကြည့်ရသေးတဲ့ ဇာတ်ကားတွေရှိရင် ကြည့်ဖို့ ညွှန်းချင်ပါတယ်။

# 1 Old Boy

“Old Boy” မှာတော့ Choi Min Sik နဲ့ Yoo Ji Tae တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Oh Dae Su (Choi Min Sik) က ဆိုးလ်မှာနေတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး တစ်နေ့ မှာ ပြန်ပေးဆွဲခံရပြီး ထောင်လို အခန်းထဲမှာ (၁၅)နှစ်လောက် အဖမ်းခံထားရတဲ့ အကြောင်းပါ။Psycho လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်ပြီး အလိမ် အကောက်၊အချိုးအကွေ့တွေ အရမ်းများတဲ့ ဇာတ်ကားမျိုးပါ။

# 2 A Moment To Remember(2004)

ဒီဇာတ်ကားကတော့ (၂၀၀၁)တုန်းက ဂျပန် TV ဒရမ်မာကား Pure Soul ကို အခြေခံထားတဲ့ ဇာတ်ကားပါ။ ဒီကားမှာတော့ Son Ye-jin နဲ့ Jung Woo-sung တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့ချစ်သူနှစ်ဦးကြားမှာ Su Jin (Son Ye Jin) က သူမမှာ မှတ်ဥာဏ်မေ့ပျောက်တဲ့ Alzheimer  ရောဂါ ခံစားနေရတယ်ဆိုတာကို သိလိုက်တဲ့ အချိန်မှာတော့…….. ?ရိုမန်တစ် ဇာတ်ကားကောင်းကောင်းကို ကြည့်ချင်နေတယ်၊ရိုမန်တစ်ဇာတ်ကားကြိုက်တယ်ဆိုရင်တော့ ဒီကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။

# 3 Tae Guk Gi: The Brotherhood of War(2004)

“Tae Guk Gi”ကတော့ မင်းသားတွေနဲ့တင် ကြည့်ဖို့ ထိုက်တန်တဲ့ဇာတ်ကားပါ။ ဒရမ်မာအက်ရှင် ဇာတ်ကားကောင်းပါ။ပရိသတ်တွေက ဒါရိုက်တာရင်ဆိုပြီး ချစ်တဲ့ မင်းသား Dong-Kun Jang နဲ့ ထယ်စောက်ဆိုတဲ့ Won Bin တို့ ပါဝင်ထားပါတယ်။Jin-tae (Dong-Kun Jang) ကသူ့ရဲ့ ညီငယ်လေး Jin-seok (Won Bin) ကို အမြဲ စောင့်ရှောက်ပေးသူပါ။ကိုရီးယားစစ်ပွဲ ဖြစ်ပေါ်ချိန်မှာတော့ သူတို့ညီအစ်ကိုတွေ စစ်မှုထမ်းခဲ့ရပါတယ်။Jin-tae က  ညီဖြစ်သူ Jin-seok ကို စောင့်ရှောက်ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ တပ်မှူးနဲ့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့….?ေ သချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားပါ။

#4 A Werewolf Boy(2012)

စိတ်ကူးယဉ် Romance ဇာတ်ကားပါ။ဆောင်ဂျွန်ကီရဲ့ အမာခံပရိသတ်ဆိုရင်တော့ ဒီကားကို ကြည့် ဖူးကြမှာ သေ ချာပါတယ်။Song Joong-ki နဲ့ Park Bo-young တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဆောင်ဂျွန်ကီက သမန်းဝံ ပုလွေ အဖြစ် သရုပ်ဆောင်ထားပါတယ်။

#5 My Sassy Girl

ဒီကိုရီးယားဇာတ်ကားကိုလည်း ကိုရီးယားဇာတ်ကားအမာခံပရိသတ်ဆိုရင်တော့ ကြည့်ဖူးလောက်မှာပါ။ ကိုရီးယား တင်မဟုတ်ပဲ အာရှတစ်ဝန်းမှာပါ ပေါက်ခဲ့တဲ့ ဇာတ်ကားပါ။ဒီကားမှာတော့ နာမည်ကြီးမင်းသမီး  Jun Ji Hyun နဲ့ မင်းသား Cha Tae Hyun တို့ ပါဝင်ထားပါတယ်။ဟာသရော romance ပါ တစ်ပြိုင်နက်တည်း ခံစားရမယ့် ဇာတ်ကားလေးပါ။

source soompi