လူတစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် သင့်ဘက်ကနေ သူနဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာသင့်တဲ့ အချက်တွေ ရှိပါတယ်။ လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို မသိပဲ  ခုတွေ့ ခုကြိုက် ဆိုတာမျိုးတာကတော့ ရုပ်ရှင်၊ဇာတ်လမ်းတွဲ တွေ ထဲမှာပဲ အဆင်ပြေနိုင်မှာပါ။ဘယ်သူ့ကိုမှ အလွယ်တကူယုံကြည်လို့မရတဲ့ ဒီနေ့ လို ခေတ်ကြီးမှာတော့ ခုတွေ့ ခုကြိုက် လုပ်ရင်တော့ သင့်ဘက်မှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးရလာနိုင်ပါတယ်။မကြာခဏ အသဲကွဲပြီး ရည်းစားေ တွေ အရမ်းများနေတယ်လူလို့ အပြောခံရတာမျိုး မဖြစ် ချင် ဘူးဆိုရင်ေ တာ့ သင့်အနေနဲ့ လူတစ်ယောက်နဲ့ မတွဲခင်(သို့) ရည်းစားမတော်ခင်မှာ သူနဲ့ ပတ်သက်တဲ့ ဒီအချက် တွေကို အရင်ဆုံး စုံစမ်း လေ့လာ ဖို့ အကြံပြုချင် ပါတယ်။

ပညာရေး

Image:Shutterstock /By Dean Drobot

လူတစ်ယောက်နဲ့ ရည်းစားတော်ဖို့ အဲ့ဒီလူရဲ့ ပညာရေးနောက်ကြောင်းကို စုံစမ်းရမယ်လို့ ပြောလိုက်တော့ အံ့သြ ကောင်း အံ့သြမိသွားနိုင်ပါတယ်။ဒါပေမယ့် ဒီအချက်က မဖြစ်မနေကို လိုအပ်ပါတယ်။လူတစ်ယောက်ရဲ့ ပညာရေး နောက်ခံ ကို စုံစမ်းရင် အဲ့ဒီလူနဲ့ ပတ်သက်တဲ့ တခြားသော ပတ်သက်ဆက်နွယ်မှုတွေကိုပါ သင့် အနေနဲ့ သိလာ မြင်လာနိုင်ပါတယ်။နောက်တစ်ခုကတော့ အခုနောက်ပိုင်းမှာ ကိုယ့်ရဲ့ ပညာရေးနောက်ခံ ကို လိမ်လည် ထားတဲ့ သူတွေ လည်း အများကြီးမို့ မတော်ရသေးတဲ့ ချစ်သူလေးက သူ့ရဲ့ ပညာရေး နောက်ခံက ဒီလို ပါ ဆိုပြီး ထုတ်ပြော ချိန် မှာ အပြည့်အ၀ မယုံလိုက်ပါနဲ့။ကိုယ်တိုင်စုံစမ်းကြည့်ပါ။သူက ဘယ်တက္ကသိုလ်ကလဲ ဆိုတာနဲ့ သူ့ရဲ့ ပညာရေးကို စုံစမ်းလို့ရရင် သူနဲ့ ပတ်သက်တဲ့ တခြားသော ပတ်သက်ဆက်နွယ်မှုတွေကိုပါ သင့်အနေနဲ့ တခါတည်း သိနိုင်ပါတယ်။

ရည်းစားဟောင်းရာဇဝင်

Image:Shutterstock /By Roman Samborskyi

တစ်ချို့ကတော့ ဒါကို သိဖို့ မလိုဘူး။လက်ရှိ အချိန်ကသာ အရေးကြီးဆုံး ဆိုပြီး ပြောကြာတာ တွေရှိပါတယ်။အဲ့ဒီ အ ချက်က မှားပါတယ်။လူတစ်ယောက်ရဲ့ နောက်ခံ သမိုင်း ကြောင်းဆိုတာ မျိုးက တစ်သက်လုံး ဖုံး ကွယ်ထားလို့ ရတဲ့အ ရာမဟုတ်ပါဘူး။ဒါကြောင့် သင်အနေနဲ့ လူတစ်ယောက်ကို ချစ်သူ မတော်ခင်မှာ သူ့ရဲ့ အရင်က နောက်ေ ကြာင်း အချစ်ရာဇဝင်တွေကိုပါ မဖြစ် မ နေကို သိထားဖို့ လိုပါတယ်။ရည်းစားဟောင်းတွေ အကြောင်း သူပြောတဲ့ တစ်ဖက် ပိတ် စကားတွေကိုပဲ မယုံပဲနဲ့ ။သင်ကိုယ်တိုင်လည်း ဒီအရာတွေကို သေချာ အတိ အကျ စုံစမ်းဖို့ လိုပါတယ်။  အတိတ်က ဘယ်လို အရာေတွေကြောင့် သူ့ရဲ့ Relationship ပြိုကွဲ ခရတယ်ဆိုတာကို  ကြိုသိထားရင် ကိုယ့် လက်တွဲ ဖော်အဖြစ် ရွေးချယ်မယ့် သူ့က ဘာတွေကို ကြိုက်တယ်၊မကြိုက်ဘူး ဆိုတာ ကိုလည်း တခါတည်း သိရပြီး သင်နဲ့ သူနဲ့ကြားမှာ ပိုခိုင်မြဲတဲ့ Relationship ကိုပါ တည် ဆောက် နိုင်ပါလိမ့်မယ်။

တဖက်လူရဲ့ မိသားစု၊ပတ်ဝန်းကျင်

Image:Shutterstock /By Rawpixel.com

ဒါကလည်း မဖြစ်မနေကို သိထားသင့်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်က ခဏလေး တွေ့ နေတဲ့ အချိန်မှာ ဒီလိူ နဲ့ ကိုယ်နဲ့ အကြိုက်ချင်းတူတယ်၊Type ချင်းတူတယ်လို့ ထင်ရနိုင်ပေမယ့် တကယ်လက်တွေ့မှာတော့ လူတစ်ယောက် နဲ့ တစ်ယောက် အကြိုက်ချင်းတူ စိတ်ချင်းတူ ဖို့ ဆိုတာ မလွယ်ပါဘူး။ဒါကြောင့် တွေ့ နေတဲ့ အချိန်ခဏ လေးမှာ ဖြစ်ေ နတာတွေကိုပဲ မယုံပါနဲ့။သူဘယ်လို ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့သလဲ၊သူ့မိဘ ပတ်ဝန်းကျင်ကို တစ်ချက် လောက် စုံစ မ်း လိုက်ရင် အဲ့ဒီလူက ဘယ်လို မျိုးလဲ ဆိုတာကိုတော့အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်။နောက်တစ်ချက်က သူ့ မိသား စု နဲ့ ပတ်ဝန်းကျင်ဆိုတာ တစ်ချိန်ကျရင် သင်နဲ့ မဖြစ် မနေကြီးကို ပတ်သက်လာရမယ့် အရာတွေ မို့ ဒါတွေကို အရင် ဆုံးကြို သိထားတာ အကောင်းဆုံးပါ။

သူငယ်ချင်း အပေါင်းအသင်း

Image:Shutterstock /By Antonio Guillem

တူရာ တူရာစု တယ်ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။လူတွေ အများကြီးရှိနေတဲ့ အထဲကမှ ဟိုတစ်ဖွဲ့၊ဒီတစ်ဖွဲ့ ဖြစ်ပြီး အပေါင်းအသင်းဘော်ဒါအုပ်စု ဖြစ်တယ်ဆိုတာ သူတို့ကြားမှာ တူတဲ့အရာတွေ ရှိမှဖြစ်တာပါ။တစ်ချို့က အပြင်ပန်း ပုံစံ ကတော့မ တူဘူးထင်ပေမယ့် အတွင်းစိတ်၊နေထိုင်တဲ့ ပုံစံ တွေ ကတော့ သွားပြီး တူနေတတ်ကြပါတယ်။ဒါကြောင့် လူတစ်ယောက်ရဲ့ အကြောင်းကို သိချင်ရင် သူပေါင်းနေတဲ့ အပေါင်းအသင်းတွေကို ကြည့်ရင်လဲ သိနိုင်ပါတယ်။ဒီလူ က ဘယ်လို လူမျိုးတွေနဲ့ အပေါင်းအသင်းလုပ်နေလဲ ဆိုတာကို ကြည့်လိုက်ရင် အဲ့ဒီလူရဲ့  Type ကို အနည်းနဲ့ အများ ဆိုသလို သိနိုင်ပါတယ်။

#CELENOW