YG Entertainment ရဲ့ အဆောက်အဦးသစ်ဟာ သူ့ရဲ့ထူးခြားတဲ့ အတွင်းပိုင်းအဆောက်အဦးအပြင်အဆင်တွေကြောင့် လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်။ ပြီးခဲ့တဲ့ လတုန်းက Blackpink Jennie ကိုလည်း သူမရဲ့အင်စတာဂရမ်ကြော်ငြာမှာ YG Entertainment အသစ်စက်စက်အဆောက်အဦးထဲ တွေ့လိုက်ရပါသေးတယ်။

 

View this post on Instagram

 

Jen틀몬스터 #광고 @gentlemonster

A post shared by J (@jennierubyjane) on

YG Entertainment က ဒီအဆောက်အဦးသစ်ဆီ ပြောင်းလာတာမကြာသေးပါဘူး။ အဆောက်အဦးထဲမှာတော့ မှန်နံရံတွေ၊ မျက်နှာကြက်တွေနဲ့လှိုင်းတွန့်ပုံစံ စက်လှေကားတွေလည်း  ခမ်းခမ်းနားနားနဲ့ တွေ့ရပါတယ်။ မီဒီယာသတင်းတွေအရ ဒီအဆောက်အဦးဟာ သူ့ရဲ့ထူးခြားတဲ့အပြင်အဆင်ကြောင့် လူသိများပြီး စတုရန်းပေပေါင်း ၂၁၃,၄၉၉ ပေကျော်ရှိတယ်ဆိုပါတယ်။ အတွင်းပိုင်းကတော့ သိပ္ပံဇာတ်ကားတွေထဲကလို ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဒီအဆောက်အဦးကိုပြီးစီးဖို့ ပြင်ဆင်ချိန်ဟာ ၈နှစ်တိတိကြာခဲ့ပါတယ်။

အဆောက်အဦးသစ်နဲ့ပတ်သက်လို့ YG Entertainment က “ရုံးချုပ်အသစ်တွေမှာ အနုပညာရှင်တွေအတွက် နည်းပညာမြင့်တဲ့အရာတွေအားလုံးပါတယ်။ ကမ္ဘာတစ်ခွင်မှာ K-pop တွေရဲ့အဆင့်အတန်းကိုမြှင့်တင်ချင်ပါတယ်။” လို့ ကြေညာခဲ့တာကိုလည်း allkpop အရ သိရပါတယ်။

CeleNow