တစ်နေ့တစ်ခြား K-Dram တွေရဲ့ လွှမ်းမိုးမှုဟာ အာရှနိုင်ငံတွေတင်မကဘဲနဲ့ တစ်ကမ္ဘာလုံးအနှံ့ကိုပါ လွှမ်းမိုးလာနေခဲ့ပါတယ်။ ကပ်ရောဂါဘေးဖြစ်ပေါ်နေတဲ့ ၂၀၂၀ လိုအချိန်မျိုးမှာတောင်မှပဲ တကယ်ကောင်းတဲ့ ကိုရီးယားဇာတ်လမ်းတွေ ထွက်လာခဲ့တာ အားရစရာကြီးပါ။ ဒါဆိုရင် အခုလာမယ့် ၂၀၂၁ ထဲမှာရောဘယ်လိုမျိုး K-Drama တွေ ထွက်လာဖို့ရှိနေသေးလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

Concrete Utopia

Webtoon ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးမျာဖြစ်ပါတယ်။ မြို့လေးတစ်မျြိ့မှာ မထင်မှတ်ထားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ရာမှ အဆော်ကအဦတစ်ခုတည်း မပျက်ဆီးဘဲ ကျန်နေခဲ့ပါတယ်။ ဒေသခံတွေဟာ ဒီအဆောက်ဦးမှာပဲ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ရပုံတွေကို Lee Byung-hun, Park Seo-joon နဲ့ Park Bo-yaung တို့နဲ့အတူ ကြည့်ရမှာပါ။

Asian Wiki

The Pirates: Goblin Flag 

၂၀၁၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ The Pirates ဇာတ်ကားရဲ့ အဆက်ဖြစ်ပြီးတော့ Son Ye-jin, Kim Nam-gil တို့ ပါဝင်မှာဖြစ်ပါတယ်။ ဒီအပြင် EXO က Sehun တို့၊ Kang Ha-neul, Han Hyo-joo, Lee Kwang-soo, Chae Soo-bin နဲ့ Kim Sung-oh တို့လည်း ပါဝင်သွားမှာပါ။ ဇူလိုင်လမှ ရိုက်ကူးရေးစမှာဖြစ်တဲ့အတွက် နှစ်ကုန်ပိုင်းလောကမှ ကြည့်ရမယ်လို့ မျှော်လင့်ပါတယ်။

Asian Wiki

Soul Mate 

Kim Da-mi နဲ့ Jeon So-nee တို့ နှစ်ယောက်ပေါင်းကာ ဒီကားထဲမှာတွေ့ရမှာပါ။ ၂၀၁၆ ခုနှစ်တုန်းက တရုတ်မှာ Soul Mate ကို စစချင်း ပြခဲ့ပြီး အခုအချိန်မှာ ကိုရီးယား version နဲ့ ပြန်ရိုက်မှာပါ။ မနာလိုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။

Hunt 

Lee Jung-jae နဲ့ Jung Woo-sung တို့နှစ်ယောက်ပေါင်းပြီးတော့ spy တွေပါဝင်တဲ့ အကြမ်းစားအက်ရှင်ဇာတ်ကားကို ကြည့်ရမှာပဲဖြစ်ပါတယ်။

Asian Wiki

Apgujeong Report 

မင်းသားကြီး Ma Dong-seok နဲ့ Jung Kyung-ho တို့ ဦးဆောင်ပါဝင်သွားမှာဖြစ်ပြီးတော့ မင်းသား Jung Kyung-ho က ဂမ်းနမ်းရပ်ကွက်က plastic surgeon အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပေမယ့်လို့ Oh Na-ra တို့၊ Oh Yeon-seo တို့ Jaung Ji-so တို့လည်း ပါဝင်ဦးမယ်လို့ သတင်းကြားထားပါတယ်။

 

Asian Wiki

Baby, Box, Broker

Parasite ထဲက Song Kang-ho ရယ်၊ Bae Doona နဲ့ Kang Dong-won တို့ ပါဝင်သွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ “baby box” လို့ခေါ်တဲ့ system တစ်ခုထဲကနေပြီးတော့ သုံးယောက်သားတွေ့ခဲ့တာပါ။ အဲဒီ system ကတော့ ကလေးမွေးပြီး တာဝန်မယူနိုင်တဲ့ မိဘတွေအနေနဲ့ ကလေးတွေကို အလကားပေးလို့ရတဲ့ system တစ်ခုပါ။]

Asian Wiki

penny