K-Drama တွေဟာ မြန်မာပြည်သူတွေရဲ့ဘဝကို တော်တော်လွှမ်းမိုးမှုရှိပါတယ်။ ဒါပေမဲ့ စာဖတ်သူဟာ ကိုရီးယားစီးရီးတွေကြည့်တာများနေပြီ၊ အပြောင်းအလဲလေးကြည့်ချင်တယ်ဆိုရင်တော့ ထိုင်းဒရာမာတွေဘက်ပြောင်းကြည့်သင့်ပါတယ်။ ထိုင်းဒရာမာတွေကလည်း ကိုရီးယားဒရာမာတွေလိုပဲ ကြည့်ကောင်းပါတယ်။ ထိုင်းကားတွေမှာ သရဲကားတွေတင်ကောင်းတာမဟုတ်ဘဲ တစ်ချို့အချစ်ဟာသကားကောင်းလေးတွေလည်း ရှိပါတယ်။ အခုအခါမှာတော့ klook သတင်းစာမျက်နှာကတဆင့် အပျင်းလည်းပြေ ရယ်လည်းရယ်ရတဲ့ဇာတ်ကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

First Love (Crazy Little Thing Called Love)

First Love သို့မဟုတ် Crazy Little Thing Called Love အမည်ရတဲ့ဇာတ်ကားထဲမှာတော့ မိန်းကလေးတွေရဲ့အသည်းစွဲမင်းသားချော Mario Maurer ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ Nam အမည်ရတဲ့ ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းမှာပေါ်ပြူလာဖြစ်နေတဲ့ ကောင်လေးကိုကြိုက်မိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ရဲ့ အချစ်ကို ပုံဖော်ထားတာကြောင့် ကြည့်ရှုသူတွေအနေနဲ့ ငယ်ငယ်ကျောင်းတက်တုန်းက အချိန်တွေကိုတောင် ပြန်အောက်မေ့ရမယ့် အချစ်ကားလေးဖြစ်ပါတယ်။

Bangkok Traffic Love Story

ဒီဇာတ်ကားလေးကတော့ အသက်၃၀ဝန်းကျင် Mei Li အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းပါ။ သူမကအချစ်ကိုရှာတွေ့ဖို့ ခက်ခဲနေတဲ့သူပါ။ ဒါပေမဲ့ သူမဟာ ဘန်ကောက်မီးရထားက Lung အမည်ရတဲ့ဝန်ထမ်းနဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူမဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပြီး Lung ရဲ့အချစ်ကိုရဖို့အတွက် စတင်ပိုးပန်းပါတော့တယ်။

Friend Zone

ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူတွေမငြီးငွေ့ရအောင် စွမ်းဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ Palm နဲ့ Gink အမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ သူတို့နှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တွဲလာတာ ၁၀နှစ်လောက်ရှိပါပြီ။ Palm က Gink အတွက် ခံစားချက်ရှိပေမယ့် Gink ကတော့ friend zone ထဲမှာပဲနေပါတယ်။ ဒါပေမဲ့ သူတို့ကြားထဲ တွဲသမျှရည်းစားတွေအကုန်ပြတ်ခဲ့တဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ တစ်စုံတစ်ရာကိုသဘောပေါက်နားလည်ခဲ့ပါတော့တယ်။

I FINE… THANK YOU… LOVE YOU

Pleng ဟာ  လှပချောမောတဲ့အင်္ဂလိပ်စာပြ ဆရာမလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ Gym အမည်ရတဲ့ ရည်းစားနဲ့ပြတ်ချင်ပြီး အမေရိကားမှာအလုပ်သွားလုပ်ချင်တယ်ဆိုတဲ့ တပည့်ကျောင်းသူ တစ်ယောက်ရောက်လာပါတယ်။ Gym ဟာ ရည်းစားနဲ့ပြတ်သွားတဲ့အတွက် ဆရာမ Pleng ကို အပြစ်ပုံချပါတယ်။  သူ့ရည်းစားကိုအမေရိကားကနေ ပြန်ခေါ်ဖို့ အင်္ဂလိပ်စာသင်ပေးဆိုပြီး Pleng ကို တောင်းဆိုခဲ့ပါတော့တယ်။

Brother of the Year

ဒီဇာတ်ကားလေးကတော့ မိသားစုလိုက်ကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ၁၅၀၀ အချစ်နဲ့ ၅၂၈ မေတ္တာနှစ်မျိုးလုံးကိုပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ Chad အမည်ရတဲ့ကောင်လေးတစ်ယောက်ကနေ စပါတယ်။ Chad ဟာ သူ့ညီမငယ်ကို အမြဲတမ်းမနာလိုနေရတာပါ။ သူ့ညီမက ချောလှတဲ့အပြင် သူ့ထက် ပညာရေးရော အားကစားမှာရော ထူးချွန်ပါတယ်။ ဒါပေမဲ့လည်း ညီမဖြစ်သူ Jane ကို ဝိုင်းဝန်းပိုးပန်းသူတွေရှိလာတဲ့အခါမှာတော့ အစ်ကိုတစ်ယောက်ရဲ့ ပါဝါကိုပြလာရပါတော့တယ်။ Jane က Moji အမည်ရတဲ့ကောင်လေးနဲ့ တိတ်တိတ်လေး ဒိတ်နေတာကိုသိသွားတဲ့အခါမှာတော့ Chad က ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချခဲ့ပါတော့တယ်။

CeleNow