ကြောက်စရာကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မှ ကြိုက်တယ်၊ကိုရီးယားဇာတ်ကားတွေကို မှ ခုံမင်နှစ် သက် ပါတယ်ဆိုရင်တော့ ရွေးချယ်ပေးချင်တဲ့ ကိုရီးယားဇာတ်ကားတစ်ချို့ရှိပါတယ်။သည်းထိတ်ရင်ဖိုဖြစ်ရပြီး အရမ်း ကို ကြောက်စရာကောင်းတာမို့ ပင်ကိုယ်က ကြောက်တတ်တဲ့ အခံ ရှိသူဆိုရင်တော့ တစ်ယောက်တည်း မကြည့်ဖို့ အကြံပြုချင်ပါတယ်။သရဲကားတွေ၊ကြောက်စရာကောင်းတဲ့ ဇာတ်ကားတွေကိုမှ ကြိုက်တဲ့သူတွေ အဖို့ တော့ သေချာ ပေါက် အကြိုက်တွေ့မယ့်ဇာတ်ကားကောင်းတွေ ဖြစ်မှာပါ။

(1)THE MIMIC (2017)

The Mimic  ကတော့ (၂၀၁၇) တုန်းက ထွက်ရှိခဲ့တဲ့ ကိုရီးယား Horror ဇာတ်ကားပါ။ ဒါရိုက်တာ Huh Jung, က ရိုက်ကူးထားပြီး  Yum Jung-ah နဲ့ Park Hyuk-kwon တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ Horror ကား ကြိုက်သူတွေ မလွတ်တန်းကြည့်သင့်တဲ့ ဇာတ်ကားပါ။

(2)Gonjiam: Haunted Asylum (2018)

ကြည့်နေရင်း အသဲတယားယားရင်တစ်ထိတ်ထိတ်ဖြစ်ချင်သူတွေ အတွက်ကတော့ Gonjiam: Haunted Asylum ဇာတ်ကားကို ရွေးချယ်ပေးချင်ပါတယ်။Gonjiam စိတ်ရောဂါကုဆေးရုံကတော့ တောင်ကိုရီးယားနိုင်ငံ Gwangju မြို့မှာ တကယ် တည်ရှိတာပါ။ တောင် ကိုရီးယားရဲ့ ခြောက်ခြားစရာ အကောင်းဆုံး နေရာတစ်ခုပါ။ဆေးရုံ မှာ ရှိတဲ့ လူနာတွေနဲ့ ၀န်ထမ်းတွေရဲ့ ထူးဆန်းစွာ သေဆုံးသွားကြတဲ့ ကိစ္စကြောင့် (၁၉၉၀) လောက် တုန်းက ဆေးရုံ ကို ပိတ်ပစ်ခဲ့ရတာပါ။ ဘာကြောင့် အခုလိုတွေ သေဆုံးကြသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပဲ လျှို့ဝှက်ချက် တွေနဲ့ ပြည့်နှ်က်နေတဲ့ ဒီနေ့ အထိပါ။ဒီကားမှာတော့ horror web series ဖန်တီးသူတွေက အဲ့ဒီဆေးရုံကို သွားပြီး Live လွှင့် ကြတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။

(3)The Wailing (2016)

The Wailing ကတော့ (၂၀၁၆) တုန်းက ထွက်ရှိခဲ့တဲ့ ကိုရီးယား Horror ဇာတ်ကားပါ။ဒါရိုက်တာ Na Hong-jin  ရိုက်ကူးထားတာပါ။ရွာမှာ ထူးဆန်းတဲ့ ရက်ရက်စက်စက်လူသတ်မှုတွေ အကြောင်းကို လိုက် စုံ စမ်းတဲ့ ရဲအရာ ရှိတစ်ယောက် အကြောင်းပါ။

(4)Death Bell (2008)

Death Bell ကတော့ (၂၀၀၈)ခုနှစ်ကထွက်ရှိခဲ့တာပါ။K-pop  အဆိုတော် Nam Gyu-ri  ရဲ့ သရုပ်ဆောင် လောကထဲကို ခြေချတဲ့ ပွဲဦးထွက်ဇာတ်ကားပါ။

(5)Cinderella (2006)

Cinderella  ကိုတော့ ဒါရိုက်တာ Bong Man-dae  ကရိုက်ကူးပြီး Do Ji-won နဲ့ Shin Se-kyung တို့ အဓိက ပါဝင် ထားပါတယ်။

(6)Witch Board (2004)

ဒီဇာတ်ကားကိုတော့ (၈)ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့  Puchon International Fantastic Film Festival မှာ ပြသခဲ့ပါတယ်။ဒါ့အပြင် (၂၀၀၅)ခုနှစ်  New York Korean Film Festival မှာလဲ ပြသခဲ့ပါတယ်။ဒါ့အပြင် (၅) ကြိမ် မြောက်  Screamfest Horror Film Festival မှာလည်း ပြသခဲ့တဲ့ ဇာတ်ကားပါ။

Source Koreaboo