SBS’s Inkigayo တေးဂီတပရိုဂရမ်ဟာ လတ်တလောဖြစ်ခဲ့တဲ့ Aespa အဖွဲ့ဝင် Ningning ရဲ့ fancam ဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့ pinkvilla သတင်းစာမျက်နှာအရ သိရပါတယ်။ နိုဝင်ဘာ၂၉ရက်နေ့တုန်းက Aespa ဟာ သူတို့ရဲ့ပွဲဦးထွက်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Black Mamba ကို SBS’s Inkigayo မှာ ဖျော်ဖြေခဲ့ပါတယ်။
Ningning ရဲ့ဖျော်ဖြေနေပုံကို fancam ရိုက်ကူးခဲ့တာဖြစ်ပြီး ၄င်းဗီဒီယိုကိုတော့ ဒီဇင်ဘာ၁ရက်နေ့မှာ အွန်လိုင်းပေါ်တင်ခဲ့တာပါ။ ဒါပေမဲ့ ဗီဒီယိုတင်ပြီး သိပ်မကြာခင်မှာပဲ ဗီဒီယိုထဲမှာ ၁၀စက္ကန့်စာလောက်ပါတဲ့ အသံတစ်သံကြောင့် ပရိတ်သတ်တွေကြား ဂယက်ရိုက်သွားခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ အိုးနင်းခွက်နင်းပဲဆိုပြီး ပြောထားတဲ့ အသံတစ်ခုပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဒီအသံနဲ့ပတ်သက်လို့ ဒီစကားဟာ Aespa အဖွဲ့ကို ရည်ရွယ်ပြီးပြောတာလား ဒါမှမဟုတ် တခြားအကြောင်းအရာကို ပြောတာလားဆိုတဲ့ အငြင်းပွားမှုတွေဖြစ်နေပါတယ်။ ပြီးတော့ ပြောဆိုတဲ့အထဲ ဆဲရေးတဲ့အသုံးအနှုန်းပါဝင်တာကြောင့် Aespa ပရိသတ်တွေက စိတ်ဆိုးနေခဲ့ကြတာဖြစ်ပါတယ်။
View this post on Instagram
SBS ကတော့ “Fancam ဗီဒီယိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အတည်ပြုပြီးပါပြီ။ ဗီဒီယိုထဲမှာပါတဲ့စကားက Aespa ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ပြောတာမဟုတ်ဘဲနဲ့ နောက်ဆုံးဗီဒီယိုထဲမှာ ပါသွားခဲ့တာပါ။ ဒီ YouTube ဗီဒီယိုကိုတင်တဲ့ ဝန်ထမ်းကလည်း လိုင်းပေါ်မတင်ခင် အသေးစိတ်မစစ်မိလိုက်ဘဲ ဖြစ်သွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုတွေဖြစ်သွားခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။ နောက်ပိုင်း ဗီဒီယိုတွေတင်တဲ့အခါ သတိထားပါ့မယ်။” လို့ ပြန်လည်ရှင်းပြခဲ့ကြောင်း သိရပါတယ်။
View this post on Instagram
CeleNow