တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Shin Hye ဟာ ဒီနှစ်ဆောင်းရာသီမှာတော့ ရက်စက်ခက်ထန်တဲ့ အမျိုးသမီးစစ်သားအေးဂျင့်အဖြစ် JTBC ရဲ့ ဒရာမာစီးရီး Sisyphus: The Myth မှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။

Sisyphus: The Myth ဟာဆိုရင် စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဒရာမာဇာတ်လမ်းထဲက ပါရမီရှင်သိပ္ပံပညာရှင် Han Tae Sool ဇာတ်ကောင် ပေါ်မှာ အခြေခံထားပါတယ်။ Han Tae Sool ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ လူတွေကြားနေထိုင်လျက်ရှိတဲ့ အမျိုးအမည်မသိတဲ့သက်ရှိတွေကို ရှာဖွေနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင် သူရှာတွေ့လိုတဲ့သက်ရှိတွေကိုရှာတွေ့သွားခဲ့ပြီး အဲ့ဒီသူတွေက သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို အန္တရာယ်ရှိတဲ့ရည်ရွယ်ချက်တွေအတွက် အသုံးပြုဖို့ ကြိုးစားလာပါတော့တယ်။

Han Tae Sool ကိုကာကွယ်ဖို့အတွက် နောက်ထပ် လျှို့ဝှက်အဖွဲ့တစ်ဖွဲ့ကနေ Kang Seo Hae အမည်ရတဲ့စောင့်ရှောက်သူကို စေလွှတ်ခဲ့ပါတယ်။ Park Shin Hye ကတော့ စောင့်ရှောက်သူ Kang Seo Hae အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမကိုတော့ အတွေ့အကြုံရှိ စစ်သားတစ်ယောက်ရဲ့အသွင်နဲ့အတူ အရောင်စုံပါတဲ့ ရိုင်ဖယ်တစ်လက်ကို လွယ်ထားတာ တွေ့ရမှာပါ။ သိပ္ပံပညာရှင် Han Tae Sool အဖြစ် သရုပ်ဆောင် မင်းသား Jo Seung Woo က ကြောင်တောင်တောင်နိုင်ပြီး ဉာဏ်ကောင်းလွန်းသူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Sisyphus: The Myth ကိုတော့ နောက်လမှာ ထုတ်လွှင့်ပြသမယ်လို့လည်း allkpop အရ သိရပါတယ်။

ShweMom