အချို့တွေအတွက်တော့ New Year ညမှာ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပျော်ပျော်ရွှင်ရွှင် သောက်စားရတာကို ကြိုက်ပေမဲ့ တချို့တွေကတော့ အိမ်မှာပဲ အေးအေးဆေးဆေး စားသောက်စရာအပြည့်အစုံနဲ့ ရုပ်ရှင်လေးကြည့်ပြီး New Year ညကို ဖြတ်သန်းရတာကို ကြိုက်ပါတယ်။ ဒီလိုလူမျိုးတွေအတွက် Celenow ကနေ New Year ညမှာ ကြည့်ဖို့အတွက် ရုပ်ရှင်ကားကောင်း (၅)ကားကို တင်ဆက်ပေးလိုက်ပါတယ်။

New Year’s Eve (2011)

ဒီဇာတ်ကားကတော့ အော်စကာဆုနှစ်ဆုရရှိခဲ့တဲ့ ကားတစ်ကားဖြစ်ပြီး အချစ်ဟာသဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဇာတ်အိမ်အကွေ့အကောက်လေးတွေလဲများပြီး New York မြို့ရဲ့ နှစ်သစ်ကူးကို စုံတွဲတွေ၊ တစ်ကိုယ်တည်းသမား single တွေဘယ်လို ဖြတ်သန်းကြတယ်ဆိုတာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

The New Year (2010)

ဒီဇာတ်ကားလေးကတော့ Suuny လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် အိပ်မက်တွေကို စွန့်လွှတ်ပြီး သူရဲ့နေမကောင်းတဲ့ အဖေကို ပြုစုဖို့အတွက် မွေးရပ်မြေကို ပြန်လာခဲတဲ့ဇာတ်လမ်းလေးပါ။ အဲဒီအချိန်မှာ သူရဲ့ အထက်တန်းတုန်းက သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ပြီး Suuny ဟာ သူရဲ့ ဘ၀ကို ပြန်လည်သုံးသပ်ဖို့အတွက် တိုက်တွန်းခြင်းခံခဲ့ရပါတယ်။ဒီဇာတ်ကားကတော့ လက်တွေ့ဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လို့ နှစ်သစ်ကူးညမှာ ဒီကားလေးကြည့်ရင်း ကိုယ့်ရဲ့ ဘ၀ကိုလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။

Bridget Jones’s Diary(2001)

ဒီဇာတ်ကားလေးဟာလည်း အချစ် ဟာသ ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားမှာတော့ Bridget Jones ဟာသူ့ရဲ့ဘ၀ကိုပြောင်းလဲဖို့စဉ်းစားခဲ့ပြီးတဲ့နာက် နှစ်သစ်အတွက် ဆုံးဖြတ်ချက်တွေချပြီး ဒိုင်ယာရီစာအုပ်လေးလုပ်ခဲ့ပါတယ်။အချစ်ကို ရှာဖွေရင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း တိုးတက်ဖို့ကြိုးစားနေတဲ့ ဗြိတိန်အမျိုးသမီး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

When Harry Met Sally (1989)

ဒီဇာတ်ကားကတော့ နှစ်သစ်ကူးည မြင်ကွင်းတွေ၊ ဟာသ ဇာတ်ဝင်ခန်းလေးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းလေးတွေပါတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အကြောင်းပါ။ အော်စကာဆု(၄)ဆုတောင် ဆွတ်ခူးခဲ့တဲ့ ကားကောင်းလေးပါ။

Happy New Year (2014)

ဒီ ဘောလိဝုဒ်ဇာတ်ကားကတော့ မင်းသားကြီး Shah Rukh Khan ပါဝင်ထားပြီး တကယ်ကို ရယ်လဲရယ်ရ၊ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်တွေကို အိန္ဒိယရဲ့ အကအလှတွေနဲ့ပါ တင်ဆက်ထားတဲ့ ကားကောင်းတစ်ကားဖြစ်လို့ နှစ်သစ်ကူးညဘက်မှာ မိသားစုနဲ့ အတူ ဟာသကားလေးကြည့်ပြီး ဖြတ်သန်းချင်တဲ့ သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားပါ။

Source:the spruce