ဒေသတွင်း Influencer တွေကစလို့ နိုင်ငံတကာဆယ်လီတွေအဆုံး ဗီဒီယိုဘလော့တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါပြီ။ သူများရဲ့ဖိအားမပါဘဲ channel တစ်ခုထောင်ပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအကောင်းဆုံးဖော်ပြနိုင်တဲ့အတွက် Vlogging ဟာ ကိုယ့်အကြောင်း မားကတ်တင်းဆင်းဖို့နည်းလမ်းကောင်းတစ်ခုပါ။ K-pop idol တွေထဲမှာလည်း ကိုယ်ပိုင် YouTube channel နဲ့ vlogs တွေလုပ်နေသူတွေရှိပါတယ်။ MSN သတင်းစာမျက်နှာကနေ ဖော်ပြပေးလိုက်ပါတယ်။
Mamamoo’s Solar
အမျိုးသမီးအဆိုတော်အဖွဲ့ Mamamoo ရဲ့ အဖွဲ့ခေါင်းဆောင် Solar ဟာ သူမရဲ့ channel မှာတော့ သီချင်းတွေတင်ပေးလေ့ရှိပါတယ်။
iKON’s Song
iKON အဖွဲ့ဝင် Song (aka Yunhyeong) မှာလည်း SONGCHELIN GUIDE အမည်ရတဲ့ channel တစ်ခုရှိပါတယ်။ အဲ့ဒီမှာတော့ သူချက်ပြုတ်စားသောက်တဲ့ ASMR (Autonomous Sensory Meridian Response) ဗီဒီိယိုတွေအပြင် iKON အဖွဲ့ဝင်တွေရဲ့ ပျော်စရာကောင်းတဲ့ ခရီးသွားဘလော့တွေကိုလည်း တင်ပေးထားပါတယ်။
Girl’s Day’s Hyeri
Girl’s Day ရဲ့ အဖွဲ့ဝင် Hyeri ကတော့ ပရိသတ်တွေအတွက် ဗီဒီယိုအမျိုးအစားမျိုးစုံကိုတင်ပေးထားပါတယ်။ GRWM (Get Ready With Me) ဗီဒီယိုတွေကစလို့ mukbang ဗီဒီယိုတွေလည်းပါဝင်ပါတယ်။
Blackpink’s Lisa
Blackpink အဖွဲ့ဝင် Lisa မှာတော့ Lilifilm အမည်ရတဲ့ channel ရှိပါတယ်။ သူကတော့ ခရီးသွားvlog တွေနဲ့ တစ်ခါတစ်လေလည်း အကကာဗာပြန်ကထားတာတွေတင်လေ့ရှိပါတယ်။
Day6’s Jae
Day6 ရဲ့ ဂီတာသမားလည်းဖြစ် တယောပညာရှင်လည်းဖြစ်တဲ့ Jae မှာတော့ eaJ လို့အမည်ရတဲ့ channel တစ်ခုရှိပါတယ်။ သူကတော့ A Jae In The Life အမည်ရတဲ့ vlog series တွေကိုတင်လေ့ရှိပါတယ်။ တစ်ခါတစ်လေလည်း သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုထားတဲ့သီချင်းတွေကို တင်တတ်ပါတယ်။
IU
ကိုရီးယားစတားတစ်ယောက်အနေနဲ့ ဘဝကိုဘယ်လိုဖြတ်သန်းနေလဲ။ ဒီမေးခွန်းရဲ့အဖြေကိုတော့ သူ့ YouTube channel ထဲမှာ IU က ပြောပြထားပါတယ်။
2NE1’s Dara
2NE1 အဖွဲ့ဝင်လည်းဖြစ် ကိုရီးယားလူမျိုးတွေရဲ့အသည်းစွဲဖြစ်တဲ့ 2NE1 အဖွဲ့က အဖွဲ့ဝင်ဟောင်း Dara ရဲ့ YouTube Channel ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ channel ထဲမှာတော့ PH showbiz က သူမရဲ့အခင်ဆုံးသူငယ်ချင်းတွေ၊ အရင် 2NE1 အဖွဲ့ဟောင်းက သူငယ်ချင်းတွေနဲ့ vlogs တွေရိုက်ကူးပြီးတင်ထားတာဖြစ်ပါတယ်။
CeleNow