ဇူလိုင်လ ဒုတိယအပတ် JOOX Myanmar Top Chart ရဲ့ ပရိသတ်နားဆင်မှု့အများဆုံးသီချင်းသီချင်းစာရင်း တွေ ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။JOOX Myanmar ရဲ့ fb စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ပရိသတ်တွေ က ဘယ် သီချင်းတွေ အကြိုက်တွေ့ခဲ့ကြသလဲ ဆိုရင်တော့…………..

(10)အဆင်ပြေပါတယ် (နီနီခင်ဇော်)

ရက်ရက်စက်စက်လမ်းခွဲခဲ့သူကို အဆင်ပြေပါတယ်လို့ ပြောထားတဲ့ နီနီခင်ဇော်ရဲ့ အသဲကွဲသီချင်း လေးကတော့ နံပါတ် (၁၀) နေရာမှာရှိနေပါတယ်။အသဲကွဲနေတဲ့ အချိန်နဲ့ တိုက်နေမယ်ဆိုရင်တော့ မျက်ရည်ခိုင်ခိုင်ထားပြီး နားဆင် ရမယ့်သီချင်းလေးပါ။

(9)သားသားကျောင်းသွားမယ်(Doublej,RB2,Myat Amara Maung)

Tik Tok မှာလည်း အရမ်းကို ရေပန်းစားနေတဲ့ သီချင်းလေးပါ။

(8)Señorita (Shawn Mendes, Camila Cabello)

အမိုက်စားသရုပ်ဆောင်ချက်တွေကို ကြည့်ရှုခံစားရမယ့် Señorita ကတောာ့ နံပါတ် (၆)နေရာမှာရှိနေပါတယ်။

(7)အရူးကမ္ဘာ (Ye’ Lay ft.NJ)

ရဲလေးရဲ့ အရူးကမ္ဘာကတော့ နံပါတ် (၇)နေရာမှာရှိနေပါတယ်။

(6)ငါ့ရည်းစားက ပိုမိုက်တယ်

အခုချိန်ထိကို JOOX Myanmar Top Chart ရဲ့ Top 10 စာရင်းမှာ ငါ့ရည်းစားက ပိုမိုက်တယ် သီချင်းက ဆက်ရှိ နေတုန်းပါ။

(5)Wish you have a better day (လွှမ်းပိုင်)

လွှမ်းပိုင်ရဲ့ Wish you have a better day ကတော့ နံပါတ်ငါးနေရာမှာရှိနေပါတယ်။

(4)Old Town Road (Lil Nas X)

ထူးခြားတဲ့ အမိုက်စားတင်ဆက်မှုတွေနဲ့ Old Town Road ကတော့ နံပါတ် လေးနေရာမှာရှိနေပါတယ်။

(3) Silent (ရွှေထူး ft.Mood )

ရွှေထူးရဲ့ Silent  ကတော့ နံပါတ် သုံးနေရာမှာရှိနေပါတယ်။

(2)Don’t You Know(Grace )

Crush ရှိတဲ့ သူတိုင်းရဲ့ ရင်ကို ထိမှန်စေခဲ့တဲ့ Don’t You Know ကတော့ နံပါတ်နှစ်နေရာမှာရှိနေပါတယ်။Tik Tok မှာပါ ရေပန်းစားနေတဲ့ သီချင်းလေးပါ။

(1)လိုင်းပေါ် မတင်ပါနဲ့( ဝေကြီး)

လမ်းခွဲတဲ့ အကြောင်းတွေကို လိုင်းပေါ် မတင်ဖို့ ပြောထားတဲ့ ဝေကြီးရဲ့ သီချင်းလေးကတော့ ဇူလိုင်လ ဒုတိယအပတ် JOOX Myanmar Top Chart ရဲ့ ပရိသတ်နားဆင်မှု့အများဆုံးသီချင်းလေးပါ။

Image:JOOX Myanmar

Source :JOOX Myanmar