JOOX Myanmar Top Chart ရဲ့ ဒီတစ်ပတ် ပရိသတ်နားဆင်မှု့အများဆုံးသီချင်းစာရင်းကိုတော့ JOOX Myan mar ရဲ့ fb စာမျက်နှာက တစ်ဆင့် ဇွန်လ (၁၇)ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီတစ် ပတ်မှာ ပရိသတ် တွေ က ဘယ်လိုသီချင်းတွေကို အများဆုံးနားဆင်ဖြစ်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Celenow ပရိသတ် တွေ အကြိုက်နဲ့ ရော ထပ်တူကျရဲ့ လား ..? Admin ကတော့ ဒီအထဲက ဆိုရင် (8,6,3) အပြင် ကဆိုရင်ေ တာ့ တေတေရဲ့ ME သီချင်းကို အများဆုံး နားထောင် ဖြစ်နေတယ်။ Celenow ပရိသတ်တွေရော ဘယ်သီချင်း တွေ အများဆုံးနားထောင်ဖြစ်နေလဲ ……………………..?

(10)ငါ့ရည်းစားက ပိုမိုက်တယ်

အချင်းချင်းရည်းစားတွေ အပြိုင်ကြွားထားတဲ့ သီချင်းလေးပါ။ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး ၊ နေ၀င်း၊ ဖြိုးလေး၊ ဂျွန်၊ ကိကိ၊G  Fatt  တို့ သီဆိုထားတာပါ။

(9)’Kill This Love’

BLACKPINK’ ရဲ့ ‘Kill This Love’ ဆိုတဲ့ MV ကတော့ ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ကြည့်ရှု သူ တွေ အရမ်းကို များခဲ့ပါတယ်။ တင်ပြီး (၁၅)နာရီလောက် အတွင်း မှာပဲ Youtube မှာ ကြည့်တဲ့ သူ သန်း (၃၀) အထိ ရှိခဲ့တာပါ။ ဒါပေမယ့် “Kill This Love” MV မှာ Rose က ထိုင်ခုံခါးပတ်မပတ်ပဲ မောင်းနှင်ထားတဲ့ အခန်း ကြောင့် MV ကိုပါ Ban ခဲ့ပါတယ်။ KBS က အရင်တုန်းကလည်း Park Bom’s “4:44,” Kim Dong Han’s “Focus,” ၊Cho Jung Min’s “Ready Q.” ဆိုတဲ့ MV တွေကို Ban ခဲ့ဖူးပါတယ်။

(8)၂၀ ကျော်ရည်းစားစာ

သက်တံ့ကြီးတွေကို ကွေးစေခဲ့တဲ့ ကိုထက်ယံရဲ့ သီချင်းအသစ်လေးပါ။သားသားနဲ့ ထက်ယံတို့ သီဆိုထားတဲ့ သီချင်း လေးပါ။

(7)သားသားကျောင်းသွားမယ်

နံပါတ် (၇)မှာတော့ သားသားကျောင်းသွားမယ် ဆိုတဲ့ သီချင်းလေးရှိနေပါတယ်။ Doublej , RB2 နဲ့ မတ်အမရာေ မာင် တို့ရဲ့ သီချင်းလေးပါ။

(6)line ပေါ်မတင်ပါနဲ့

လက်ရှိခေတ်မှာဖြစ်နေတဲ့ အချစ်ရေးပြဿနာတွေထဲက တစ်ခုကို ကွင်းကွင်းကွက်ကွက် မြင်လာအောင် ရေးဖွဲ့ သီဆို ထားတဲ့ တေးရေး အဆိုတော် ဝေကြီးရဲ့ line ပေါ်မတင်ပါနဲ့ သီချင်းလေးကတော့ နံပါတ် (၆)နေရာမှာ ရှိနေပါတယ်။

(5)Don’t You Know

နံပါတ်ငါးနေရာမှာတော့ Grace ရဲ့ Don’t You Know ဆိုတဲ့ သီချင်းလေးရှိနေပါတယ်။

(4)On My Way

Alan Walker, Sabrina Carpenter & Farruko တို့ရဲ့ On my way ဆိုတဲ့ သီချင်းလေးကတော့ နံပါတ်လေး နေရာမှာရှိနေပါတယ်။

(3)I Don’t Care

Ed Sheeran & Justin Bieber တို့ရဲ့ သီချင်းသစ် I Don’t Care ကတော့ နံပါတ် သုံးနေရာမှာရှိနေပါတယ်။

(2)အရူးကမ္ဘာ

အဆိုတော် ရဲလေးနဲ့  Ft. NJ တို့ရဲ့ အရူးကမ္ဘာကတော့ နံပါတ် နှစ်နေရာမှာ ရှိနေပါတယ်။

(1)Silent

အဆိုတော် ရွှေထူး  နဲ့ ft.Mood တို့ရဲ့ Silent ကတော့ နံပါတ်တစ်နေရာမှာရပ်တည်ခဲ့ပါတယ်။

Image source JOOX Myanmar’s fb

Source JOOX Myanmar