kpop fan တွေဟာ အမြဲတမ်း သူ့တိုidolတွေရဲ့ လေယာဉ်အသွားအပြန် အချိန်တွေအပြင် လေယာဉ်ပေါ်မှ ဘယ်နေရာမှာ ထိုင်လဲကအစအကုန်လုံးကို အမြဲသိချင်ကြပါတယ်။သတင်းသမားတစ်ယောက်ကတော့ ဒီအချက်အလက်တွေရောင်းပေးနေတဲ့ တွီတာပေါ်က ကောင့်ပိုင်ရှင်ကို တွေ့ရှိသွားပါပြီ။

အဲ့ဒီတွီတာအကောင့်ဟာ လေယာဉ်ချိန်တွေနဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်တွေကို ဈေးပေါပေါနဲ့ ရောင်းပေးနေတာပါ။IDOL တွေပါလာတဲ့လေယာဉ်အမှတ်ကိုသိချင်ရင်တော့ ၂၇ဒေါ်လာ ကျသင့်ပြီး လေယာဉ်ပေါ်က ထိုင်ခုံနေရာတွေသိချင်ရင်တော့ ၂၂ဒေါ်လာပေးချေရပါတယ်။ ပိုက်ဆံပေးချေပြီးတာနဲ့တပြိုင်နက် သတင်းအချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း သိရပါတယ်တဲ့။သတင်းအချက်အလက်တွေဘယ်လောက်မြန်ပြီးးတော့ တိကျတယ်ဆိုကြည့်ခြင်းအားဖြင့် ဒီတွီတာအကောင့်ပိုင်ရှင်ဟာ လေယာဉ်ကွင်းက ၀န်ထမ်းတစ်ယောက်ပဲ ဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။

ဒါပေမဲ့ အင်ချွန်းလေဆိပ်က တာဝန်ရှိသူတစ်ဦးကတော့ လေယာဉ်လက်မှတ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ ထိန်းချုပ်ပြီးသားဖြစ်လို့ လေဆိပ်ကနေတော့ သတင်းတွေပေါက်ကြားစရာ မရှိဘူးလို့ ပြန်လည် ငြင်းဆိုထားပါတယ်။

သတင်းအရင်းအမြစ်ဘယ်ကပဲ ဖြစ်ဖြစ် ဒီသတင်းအချက်အလက် ပေါက်ကြားမှုကြောင့် အကြမ်းဖက်မှုတွေလည်း အလွယ်တကူ ဖြစ်ပွားနိုင်လို့ လေဆိပ်လုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။

IDOL တွေကတော့ လေယာဉ်ပေါ်မှာလည်း ဓါတ်ပုံတွေအရိုက်ခံရပြီး ဘယ်လေဆိပ်ရောက်ရောက် fan တွေရဲ့ တကောက်ကောက် လိုက်ခြင်းကိုခံနေရပါတယ်။ဒီဖြစ်စဉ်တွေဟာ GIRL GENERATION ရဲ့ တေးယွန်း အင်ဒိုနီးရှားလေဆိပ်မှာ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ ရသလို အန္တရာယ်များတဲ့ ကိစ္စတွေ ဖြစ်လာနိုင်စေပါတယ်။

ဒီသတင်းပေါက်ကြားမှုကိစ္စဟာ IDOL တွေပဲကြုံတွေနေရတာမဟုတ်ပဲ အစိုးရပိုင်းတွေပါကြုံတွေ့နေ၇ပါတယ်တဲ့။

ဝေဖန်သူတွေကတော့ လေဆိပ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေပေါက်ကြားမှုကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ဖို့တောင်းဆိုနေကြပါပြီ။

Wint(Cele Now)

source: KOREABOO

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။