တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲစီးရီးသစ် Start-up ဒရာမာဇာတ်ကားဟာ ၂၀၂၀ခုနှစ် အောက်တိုဘာမှာ season 1 ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ Nam Do-san အဖြစ် Nam Joo-hyuk, Seo Dal-mi အဖြစ် Bae Suzy, Han Ji-pyeong အဖြစ် Kim Seon-ho, Won injae အဖြစ် Kang Han Na စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ထူးခြားချက်တစ်ခုကတော့ လတ်တလော အွန်လိုင်းပေါ်ပြန့်နှံ့နေတာကို kstarlive သတင်းစာမျက်နှာအရ သိရပါတယ်။ အဲ့ဒါကတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်နာမည်တွေဟာ ဘူတာရုံတွေရဲ့ နာမည်တွေကိုယူထားတာဖြစ်ပါတယ်။
ဒီအချက်ကိုတော့ အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး TVN Network က ထုတ်လွှင့်ပြသတဲ့ Start-up စီးရီးမှာ Dalmi, Dosan, Jipyeong, Injae တို့ဟာ အမှန်တကယ်တော့ တောင်ကိုရီးယားဘူတာရုံတွေရဲ့နာမည်တွေပါလို့ ဖော်ပြသွားတာဖြစ်ပါတယ်။
အဆိုပါလူရဲ့ ပို့စ်အောက်မှာတော့ မန့်တော်တော်များများက အခုလိုရေးသားထားပါတယ်။ “စာရေးဆရာက စိတ်ကူးကောင်းလိုက်တာ” “တို့နိုင်ငံက ဘူတာရုံနာမည်တွေကိုတော့ ဒရာမာထဲထည့်သုံးရင် ကြောင်တောင်တောင်နိုင်မှာ” “ဒါ မသိခဲ့ဘူး ချစ်စရာကောင်းတယ်နော်” စသဖြင့် အမျိုးမျိုးရေးသားခဲ့တာကိုလည်း တွေ့ရပါသေးတယ်။
Dalmi Station

Dosan Station

Jipyeong Station

Won Injae Station

CeleNow