မကြာခင်ဟော်လိုဝိန်းပွဲတော်ရောက်လာတော့မှာပါ။ ဒါကြောင့် စာဖတ်သူတွေအတွက် ဟော်လိုဝိန်းအကြိုရုပ်ရှင်ဇာတ်ကားတွေကို asiatatler ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြမယ့် သရဲကားတွေကတော့ အာရှနိုင်ငံတွေက ကြည့်ရှုနှုန်းအရမ်းများတဲ့ခြောက်ခြားဖွယ်သရဲကားကောင်းတွေပါ။

Ringu (Ring), Japan

Banchō Sarayashiki လို့အမည်ရတဲ့ ဂျပန်ဒဏ္ဍာရီတစ်ခုကိုမှီငြမ်းထားတဲ့ ဝတ္ထုကိုအခြေခံထားတာပါ။ သင်ဟာ သက္ကရာဇ် ၂၀၀၀ခုနှစ်အစောပိုင်းမွေးသူဆိုရင်တော့ ဒီဇာတ်ကားကိုအခုထိ မှတ်မိနေပါလိမ့်မယ်။

Ju-on: The Grudge, Japan

ကောင်လေးတစ်ယောက်၊ ခြောက်ခြားစရာကောင်းတဲ့အိမ်ကြီးတစ်လုံး၊ ကြောက်စရာကောင်းတဲ့ မိန်းမကြီးတစ်ယောက်ရဲ့ဝိညာဉ်တွေပါ။ ဂျပန်ဒါရိုက်တာ Takashi shimizu က ဖန်တီးထားတာပါ။

Dark Water, Japan

Ring ကို ရိုက်ကူးတဲ့ဒါရိုက်တာ Hideo Nakata ကပဲရိုက်ကူးထားတာပါ။ လောလောလတ်လတ် အိမ်ထောင်ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမသမီးလေးနဲ့အတူ တိုက်ခန်းဟောင်းတစ်ခုကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူမဟာ မျက်နှာကျက်မှာ အနက်ရောင်အစက်လေးတစ်စက်ကို သတိထားမိရာကနေ ထူးခြားတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာခဲ့ပါတော့တယ်။

The Audition, Japan

မုဆိုးမတစ်ယောက်ဟာ သားဖြစ်သူကို အိမ်ထောင်ပြုစေချင်ခဲ့ပါတယ်။ ထိုသူဟာ သူ့ဇနီးလောင်းကိုရွေးချယ်ဖို့ လူတွေ့ခေါ်ယူစစ်ဆေးရာကနေ ကြောက်စရာအမှားမျိုးတွေအဖြစ် ပြောင်းလဲသွားတဲ့ ဆိုက်ဒ်ကိုဇာတ်လမ်းပါ။

Reincarnation, Japan

ဖခင်တစ်ယောက်က သူ့မိသားစုကိုသတ်တဲ့ ဂျပန်ဇာတ်ကားပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။

Dumplings, Hong Kong

ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ လင်ယောက်ျားဖောက်ပြန်နေတာကို သိသွားခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အမြဲတမ်း ငယ်ရွယ်နုပျိုပြီးလှပဖို့ အဆုံးစွန်သောအရာတွေကို လုပ်ခဲတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။

The Eye, Hong Kong/Singapore

တယောပညာရှင်တစ်ယောက်ဟာ ၁၈နှစ်ကြာ မျက်လုံးအမြင်အာရုံကွယ်ခဲ့ပြီးတဲ့နောက် မျက်ကြည်လွှာအစားထိုးကုသမှုတစ်ခုခံယူခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမျက်ကြည်လွှာကြောင့် သေခြင်းတရားနဲ့ နိမိတ်ဆိုးတွေကို ကြိုပြီးသိလာခဲ့ပါတယ်။ ဒါကြောင့် မျက်ရည်လွှာပိုင်ရှင်ကိုရှာဖို့ထိုင်းနိုင်ငံကိုသွားတဲ့အခါ မမျှော်လင့်တဲ့ အမှန်တရားမျိုး ကြုံတွေ့ခဲ့ရပါတော့တယ်။

CeleNow