အရင်တုန်းကဆိုရင် ကိုယ်ကြည့်ချင်တဲ့ ကိုရီးယားဇာတ်ကား ကို TV ရှေ့မှာ ငုတ်တုပ်ထိုင်စောင့်၊ေ ကြာ်ငြာတွေ ဘယ် လောက် များများ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ကြည့်ခဲ့ရပါတယ်။(၇)နာရီ ဆိုတာနဲ့ TV ရှေ့ မှာ အသင့် Ready ဖြစ်နေပြီး စောင့်ကြည့်ခဲ့ကြရတာပါ။ဒီနေ့ခေတ်မှာတော့ လူတိုင်းဖုန်းကိုင်၊လူတိုင်း fb သုံးတော့ ကို ယ်ကြည့် ချင်တဲ့ ဇာတ်ကားကို Fb ပေါ်မှာ အလွယ် တကူ ရှာကြည့်လိုက်ရုံပါပဲ။ကြော်ငြာတွေကို စိတ်ရှည်လက်ရှည် နဲ့ စောင့်ကြည့်ခဲ့ရ တဲ့၊90 kids တွေကြား အရူးအမူးစွဲလမ်းခဲ့ရတဲ့ တစ်ခေတ်တစ်ခါက ကိုရီးယားဇာတ်လမ်းတွဲ လေးေ တွ  (1999- 2002) ရှစ်ကားကို ဖော်ပြပေးလိုက်ပါတယ်။TV ရှေ့မှာ ထိုင်စောင့်ကြည့်ခဲ့ရတဲ့ အမှတ်တရ တွေနဲ့ တခြား ကျန်ခဲ့တဲ့ ဇာတ်ကားတွေရှိရင် လည်း ဖြည့်ပေးခဲ့ကြအုံးနော်။

(1)Autumn in My Heart ( 2000 )

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဆိုပြီး TV မှာ ပြခဲ့တာပါ။ကြော်ငြာတွေလည်း အရမ်းဖြတ် တာမို့ ဇာတ်ကား စောင့် ကြည့်ရင်း တစ်ခါတလေ အိပ်ပျော်သွားရတာမျိုးတွေ တောင်ရှိပါတယ်။ နှာခါင်းသွေးလျှံဆိုက်ကို ဖောက်အောင် လုပ်ခဲ့တဲ့ ဇာတ်ကားပါ။TV ရှေ့မှာ မိသားစုလိုက် အတူ စောင့် ကြည့်ခဲ့ ရပြီး အားလုံးကို အတူ မျက်ရည်ဝေ စေခဲ့တဲ့ ဇာတ်ကားလေးပါ။ဂျွန်စော၊အွန်စော နဲ့ ထယ်စောက်  ကတော့ မြန်မာ ပရိသတတ်တွေကို  ကိုရီးယား ရူး ရူးအောင် လုပ်ခဲ့တဲ့ တရားခံတွေ လို့ တောင် ပြောလို့ရပါတယ်။ဂျွန်စော၊အွန်စော နဲ့ ထယ်စောက်ကိုတော့ အခုထိ ကြွေစဲ၊ကြွေမြဲ ပါ။

(2)Hotelier (2001)

ဟိုတယ်ချစ်သူ ဆိုပြီး ပြသခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ။Bae Yong-joon ကို ပျိုပျိုမေ တွေကြားမှာ သဲသဲ လှုပ်ဖြစ် သွားစေခဲ့တဲ့ ဇာတ်ကားပါ။Song Yoon-ah ၊Kim Seung-woo နဲ့  Song Hye-kyo တို့လည်းဒီဇာတ်ကားမှာ သရုပ်ဆောင်ထားပါတယ်။မင်းသားက မင်းသမီးကို ချေတဲ့ ဇာတ်ဝင်ခန်းတွေ ကတော့ တော်တော်လေး ကြည့် ကောင်း ပြီး Bae Yong-joon ရဲ့ အဲ့ဒီပုံစံလေးကို မိန်းကလေးတော်တော်များများ ကြွေခဲ့ကြပါတယ်။

(3)Tomato (1999)

အသည်းချင်းတူရင် ကြည်ဖြူပါ့မယ်ရှင်  ဆိုတဲ့ ဇာတ်ကားကလည်း ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီး ခဲ့ပါတယ်။လီဟန်နီ ဆိုပြီး  Kim Hee-sun ကို မြန်မာပရိသတ်တွေကြားမှာ လူကြိုက် များ နာမည်ကြီးစေခဲ့ ပါတယ်။ ပရိသတ်တွေကို ခရမ်းချဉ်သီးတွေ အိမ်မှာ လိုက်စိုက်၊ဖိနပ်ပုံတွေဆွဲ နဲ့ သူတို့ ဆော့တဲ့ ဘီးလုံးလေး (ဘီးလုံးလေး တွေ နဲ့ ဆော့တာလေ ၊ဘယ်လိုခေါ်လဲတော့ မမှတ်မိ:P) လူတိုင်းလိုလို လိုက်လုပ်ခဲ့ကြပါတယ်။ဇာတ်ကားထဲမှာ ပါတဲ့ အရာတွေက ပရိသတ်တွေကို အဲ့ဒီလောက်ထိ လွှမ်းမိုးနိုင်ခဲ့တာပါ။အဲ့ဒီဇာတ်ကားကို ကြည့်ပြီး အိမ်မှာ ခရမ်းချဉ်ပင် လိုက် စိုက် ကြည့်မိတာကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြားအမှတ်တရပါ။

(4)Glass Slippers (2002)

ဖန်ခြေနင်းနဲ့ယမင်းရွှေစင်  ဆိုတဲ့ မြန်မာနာမည်နဲ့ ပြသခဲ့တာပါ။ထယ်နီးနဲ့ ယူနီးဆိုတဲ့ ဇာတ်ကောင် နှစ်ခု က ပရိသတ် တွေကြားမှာ အရမ်းကို ရေပန်စားခဲ့သလို လူကြမ်းကြီး ဘတ်ချောအွန်းကလည်း ပျိုပျိုမေတွေ ကြားမှာ နာမည်ကြီး ခဲ့ ပါတယ်။သရုပ်ဆောင်တွေ ငယ်ဘ၀မှာလည်း ဇာတ်ကားက အရမ်းကြည့်လို့ကောင်း၊အသက်ကြီး သွား ပြန် တော့ လဲ အရမ်းကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးပါ။လီဆောင်းဦးနဲ့ ဘတ်ချောအွန်းစုံတွဲ လေးက တော့ ပရိသတ်တွေ ကြားမှာ အခုထိ အမှတ်ရနေစဲပါ။

(5)Winter Sonata (2002)

ဟေမာန်ဆောင်းရဲ့ချစ်သံစဉ် ဆိုတဲ့ ဇာတ်ကားဆိုရင်လည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီး ရေပန်းစား ခဲ့တာပါ။ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်း မသိဖြစ်နေတဲ့ Bae Yong-joon ကို ကြည့်ရင်း အသဲတွေ ယားခဲ့ရသလို မင်းသမီးလေးကို ကြည့်ရင်းကြည့်ရင်း သနားလာခဲ့ရတာကတော့ အမှတ်တရပါ။နှင်းတွေကို ချစ်လာအောင် ၊နှင်းကျ တဲ့ နေရာဒေသကို သွားချင်စိတ်တွေ တဖွားဖွားပေါက်လာအောင် ဆွဲဆောင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်သိမ်းပိုင်းကို ပရိသတ် တော်တော်များများ အားမလို အားမရတွေ ဖြစ်ခဲ့ကြရတဲ့ ဇာတ်ကားလေးပါ။

(6)My Love Patzzi (2002)

ရွေးနီမလေးရဲ့ ချစ်ပုံပြင်( နာမည်တော့ သေချာ မမှတ်မိတော့ :P) ဇာတ်ကားလေးကလည်း ပရိသတ် တွေကြားမှာ အ ရမ်းကို နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားကတော့ ပရိသတ်တွေကြားမှာလည်း ရေပန်းစားပြီး လူတော် တော် များ များ ကလည်း ကြိုက်ကြပါတယ်။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်ရဆုံးကတော့ Kim Rae-won ရဲ့  ဆံပင်နဲ့ ဖက်ရှင်ပါ။ Kim Rae-won ရဲ့ ဆံပင်နဲ့ ဖက်ရှင်ကြီးကို မကြိုက်လွန်းလို့ ဒီဇာတ်ကားကို သိပ်သဘောမေ တွ့ခဲ့တာ က တော့ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ မှတ်မှတ်ရရ အဖြစ်လေးပါ။

(7)Four Sisters ( 2001)

ညီအစ်မ လေးဖော်ဆိုပြီး ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပါ။ကြည့်စရာမင်းသမီးတွေရော၊ မင်းသား တွေ ရော အရမ်းများလို့ ကြည့်ရင်းမျက်စိလည် ခဲ့ရတဲ့ ဇာတ်ကားလေးပါ။အငယ်မလေးက နှလုံးရောဂါသည် ( သေချာ တော့ မမှတ်မိ :P) ၊ဆန်းမီလို့ မြန်မာပရိသတ်တွေကြား နာမည်ကြီးတဲ့ Chae Rim နဲ့ တခြားမင်းသမီးတွေ အများကြီးပါပေမယ့် ခပ်အေးအေး ပုံစံ လေး နဲ့ Hwang Soo-jung ကိုတော့ အကြိုက်ဆုံးပါ။အဲ့ဒီခေတ်တုန်းက ကိုရီးယားဇာတ်ကားတိုင်းလိုလိုမှာ မင်းသား Han Jae-suk ပါပါတယ်။Ji Jin-hee လည်း ဒီကားထဲမှာ ပါပါတယ်။

(8)All About Eve

ထမင်းမေ့ဟင်းမေ့ ဖြစ်စေခဲ့တဲ့သူတွေ ထဲမှာ ဂျင်ဆန်းမီ၊ဟိုယွန်မီနဲ့ ဒါရိုက်တာရင်တို့ လည်း ပါပါတယ်။ဆည်းဆာ ရင် ခုန်သံ ဇာတ်ကားမှာ မင်းသမီးနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်ပါးတွေ အပြန်အလှန်ချကြတာကို ပရိသတ် တွေ မှတ်မိအုံးမယ်ထင်ပါတယ်။ဟိုယွန်မီက သရုပ်ဆောင်တွေ ပီပြင်လွန်းလို့ ကြည့်နေရင်း မေတ္တာတွေ ပို့ခဲ့ကြ၊ မုန်း ခဲ့ ကြရပါတယ်။ Chae Rim ၊Kim So-yeon ၊Jang Dong-gun  နဲ့ Han Jae-suk တို့ ပါဝင်ထားပါတယ်။ ဇာတ်ကား တစ်လျှောက်လုံး လူထုမေတ္တာရခဲ့တဲ့ ဟိုယွန်မီကို နောက်ဆုံးခန်းမှာကျတော့လည်း အားလုံးက ၀ိုင်းပြီး သနားခဲ့ကြပါတယ်။Jang Dong-gun ဆိုတဲ့ ဦးလေးကြီးကို အဲ့ဒီဇာတ်ကားက စလို့ အခုချိန်ထိ ကြွေစဲ၊ကြွေမြဲ ဖြစ် နေရတာကတော့ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့  ထူးခြားတဲ့ အမှတ်တရ 😛  ပါ။

#CELENOW