1. Dating

Dongguk တက္ကသိုလ်မှာ Marriage and Familyလို့ခေါ်တဲ့ သင်တန်းတစ်ခုရှိပါတယ်။ အဲဒီသင်တန်းမှာ ကျောင်းသား၊ကျောင်းသူတွေဟာ တစ်လကြာ အချင်းချင်းရည်းစားလို တွဲကြရပါတယ်။ စာသင်နှစ်တစ်ဝက်ကျိုးတဲ့ အချိန်မှာ ရည်းစားသုံးယောက်ထားဖူးရပါတယ်။ ကျောင်းသား၊ကျောင်းသူတွေဟာ အိမ်စာအဖြစ် သူတို့ရဲ့ တွဲဖက်ပါတနာနဲ့အတူဒိတ်လုပ်ကြရပါတယ်။

2. Raw Fish

Pukyongတက္ကသိုလ်မှာတော့ ကိုရီးယားလူမျိုးတွေစားတဲ့ငါးအမျိုးအစားတွေနဲ့ အဲဒီငါးတွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာရမလဲဆိုတာကို သင်ကြားပေးပါတယ်။ဒီမေဂျာမှာဆိုရင် အကောင်းဆုံးအစားအစာတွေကို ရဖို့အတွက် ရိုးရိုးငါးနဲ့ မွေမြူရေးငါးတွေကို ခွဲခြားနည်းတွေကိုလည်း သင်ယူရပါတယ်။ သင်ရိုးမာတိကာအရတော့ ဒီသင်တန်းဟာ Korean raw fishဆိုတဲ့ ဝေါဟာရကို ပျံ့နှံ့စေဖို့ ရည်ရွယ်ပါတယ်။

3. Wine Tasting

Soongsilတက္ကသိုလ်မှာတော့ ၀ိုင်နဲ့ပတ်သတ်တဲ့ ယဉ်ကျေးမှုတွေကိုသင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။ဝိုင်အမျိုးအစားတွေနဲ့ ၀ိုင်ကို ဘယ်လိုသောက်သုံးသင့်တယ်ဆိုတာ သင်ပေးတဲ့ ဘာသာရပ်ပါ။အိမ်စာအနေနဲ့သာမက အတန်းထဲမှာသင်ခန်းစာအနေနဲ့ပါ ၀ိုင်အမျိုးအစားတွေတော်တော်များများကိုသောက်သုံးရပါတယ်။

4.. The Art of Makeup

Seongshin အမျိုးသမီး တက္ကသိုလ်မှာတော့ မိတ်ကပ်အကြောင်းကိုလက်တွေ့ကျကျ သင်ကြားပေးပါတယ်။ အဲဒီသင်တန်းမှာ မိတ်ကပ်မှာပါတဲ့ အဆိပ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အန္တရာယ်ကင်းစေတဲ့ပါဝင်ပစ္စည်းတွေ အကြောင်းသင်ရပါတယ်။ ဒါ့အပြင် ဘယ်မိတ်ကပ်အရောင် အမျိုးအစားတွေက ဘယ်လိုအသားအရောင်၊အမျိုးအစားနဲ့ ကိုက်ညီလဲ ဆိုတာတွေပါ သင်ကြားပေးပါတယ်။

5. Success, Love, and Marriage

ဒီသင်တန်းကိုတော့ Inha တက္ကသိုလ်မှာသင်ကြားပေးပါတယ်။ ဒီသင်တန်းကိုတက်တဲ့ သူတွေကတော့ ဘ၀မှာ အောင်မြင်မှု၊ အချစ်နဲ့ လက်ထပ်ခြင်းတို့ သုံးခုမှာ ဘယ်အရာက ဘ၀ကို တန်ဖိုးရှိစေလဲဆိုတာကို တွေးရမှာပါ။ဒီသင်တန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အချစ်နဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကို အနုပညာရှင်တွေကိုယ်တိုင်လာပြီးတော့ သင်ကြားပေးခြင်းပဲဖြစ်ပါတယ်။

Wint(Shwemom)

Source:Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။