လာမယ့် ဟောလိုးဝင်းရက်သတ္တပတ်မှာ ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေ ကြည့်ပြီး အပန်းဖြေလိုသူတွေအတွက် ဇာတ်ကားကောင်းလေးတွေ မျှဝေစရာ ရှိပါတယ်။ ဒီအထဲမှာ ကိုရီယားဇာတ်ကားတွေကိုမှ ခုံမင်နှစ်သက်သူတွေ၊ သည်းထိတ်ရင်ဖို့ ဇာတ်ကားတွေကိုမှ သဘောကျ နှစ်ခြိုက်ကြသူတွေအတွက် အသင့်တော်ဆုံး ဇာတ်ကားတွေကို Cele Now ကနေ မျှဝေလိုက်ရပါတယ်

1. Goblin:the great and the lonely god

 ဒီကားလေးဟာဆိုရင်တော့ ကြောက်စရာကောင်းတဲ့ သဲထိတ်ရင်ဖိုအခန်းတွေအပြင် ရယ်စရာကောင်းတဲ့အပိုင်းလေးတွေလည်းပါလို့ ကြည့်ရှုသူတွေကို ရသမျိုးစုံပေးနိုင်တဲ့ ဒရမ်မာလေးပါ။အပိုင်း (၁၆) ပိုင်းပါတဲ့ဒီကားထဲမှာ အဓိကဇာတ်ဆောင် ကင်မ်ရှင်း (မှင်စာ)က သူ့ရဲ့ ကျိန်စာကို ပြေအောင်လုပ်ပေးမဲ့ သတို့သမီးကိုလိုက်ရှာရင်းနဲ့ အထက်တန်းကျောင်းသူလေး အွန်ထက်နဲ့တွေ့ဆုံပြီးနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရှုစားရမှာပါ။ကင်မ်ရှင်းရဲ့ဖက်ရှင်အလန်းတွေကိုကြည့်ပြီး ဟောလိုးဝင်းအတွက် ၀တ်ဖို့ဒီဇိုင်းတွေကြည့်လို့ရတယ်နော်။

2. Let’s Fight Ghost

ဒီကားမှာတော့ အားလုံးချစ်ကြတဲ့ မင်းသမီးကင်ဆိုဟျွန်း နဲ့2pmအဖွဲ့ဝင်တေယွန်းတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကားအက်စီးဒင့်ဖြစ်ပြီးသေဆုံးသွားတဲ့နောက် သေဆုံးရတဲ့အကြောင်းအရင်းတွေနဲ့ သူ့ရဲ့အတိတ်တွေကိုပါ မမှတ်မိတော့တဲ့ ၀ိညာည်မလေး ကင်မ်ဆိုဟျွန်း….၀ိညာဉ်၊သရဲတွေကိုမြင်နိုင်တဲ့တေယွန်းတို့တွေတဲ့အခါ…သူတို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုအတူတူဖြေရှင်းကြလဲဆိုတာ စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာဇာတ်ကားလေးပါ။ ဒီကားလေးကလည်း (၁၆)ပိုင်းတည်းနဲ့ အတော်ကောင်းတဲ့ကားလေးပါ။

3. The Village: Achiara’s

 ဒီကားလေးကတော့ အရမ်းကိုအေးချမ်းပြီးငြိမ်းချမ်းတဲ့ ရွာလေးမှာဖြစ်ပွားတဲ့ လူသတ်မှုအကြောင်းလေးပါ။ ရွာကိုအသစ်ရောက်လာတဲ့ ဆရာမလေးဟာ သူ့ရဲ့ပထမဆုံးရွာကိုရောက်လာတဲ့နေ့မှာဘဲ လူသေလောင်းတစ်လောင်းကိုတွေ့ရှိပြီးနောက် အဲဒီ လူသတ်မှုကို ဆရာမလေးနဲ့ ရွာရဲ့ ရဲအသစ် ပက်ဝူဂျေးတို့ အတူတူ ထုတ်ဖော်ကြတာကို သည်းထိတ်ရင်ဖိုဖွယ်  ကြည့်ရှုရမှာပါ။

4. Oh My Ghostess

ဒီကားမှာတော့ အရမ်းအရှက်ကြောက်ကြီးတဲ့ ဘုံဆွန်းဆိုတဲ့ ကောင်မလေးကို အပျိုစင်သရဲမတစ်ကောင်ဝင်ပူးပြီးနောက် ဘုံဆွန်းရဲ့ဘ၀မှာ အပြောင်းအလဲတွေဖြစ်လာတဲ့အကြောင်းကို ကြောက်စရာလည်းကောင်းတဲ့အပြင် ဟာသလေးတွေလည်းပါလို့ ရသမျိုးစုံခံစားရမှာပါ။

5. Master’s Sun

ဒီဇာတ်ကားလေးကတော့ အချစ်ဟာသဇာတ်မြူးကားဖြစ်တဲ့အပြင် ကျောချမ်းစရာဇာတ်ဝင်ခန်းတွေလည်းပါဝင်ပါတယ်။ ဂုံရှီးဟာ ကားအက်စီးဒင့်ဖြစ်ပြီးနောက် ၀ိညာည်တွေကိုစတင်မြင်လာရပါတယ်။ အဒီနောက်မှာတော့ သူမဟာ ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်ပြီးတဲ့အခါ ကုမ္မဏီရဲ့ CEO ဂျောင်ဝန်းနဲ့ တွေ့ဆုံပြီးနောက် ဘယ်လိုပိုပြီးဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ကြုံတွေ့၇မလဲဆိုတာကို ကြည့်ရှုကြရမှာပါ။

Wint(Cele Now)

source: koreaboo

Cele NowTeam မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။