အကယ်ဒမီဆုများရှင် တစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဇင်ယော်မောင်မောင်ကတော့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားတင်ဆက်နေသူတစ်ဦးဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ သားဖြစ်သူကျောင်းတက်နေတဲ့ Los Angelesကို သွားရောက်ခဲ့ပါတယ်။

ဇင်ယော်မောင်မောင်ကတော့ Los Angeles ကနေ အပြန်မှာ သူရဲ့ သားဖြစ်သူကိုပါ တစ်ပါတည်းခေါ်ပြီး ရန်ကုန်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူ မင်းသမီး မေသန်းနုကလည်း (၂)နှစ်အကြာမှ ပြန်တွေ့ရတဲ့ သားဖြစ်သူကို ကြိုဖို့အတွက် ရန်ကုန်လေဆိပ်ကို လာရောက်ခဲ့ပါတယ်။

မိသားစုပြန်လည်ဆုံဆည်းရပြီး ပျော်ရွှင်နေကြတဲ့ ဇင်ယော်မောင်မောင်တို့ မိသားစုရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသန့်မောင်မောင်ကတော့ မေလ ဒုတိယအပတ်မှာ Los Angelesကိုပြန်ပြီး ကျောင်းပြန်တတ်ရမှာ ဖြစ်ပါတယ်။

Source:zin yaw maung maung