“ဥပါတ်တံမျဉ်”ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာပြီး သရုပ်ဆောင်ပညာရပ်ပိုင်းမှာလည်း ရုပ်ရှင်ပရိသတ်တော်တော်မျာျးများရဲ့ အသိအမှတ်ပြုခံထားရတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီကတော့တစ်စထက်တစ်စ ပိုပြီးတော်အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ပရိသတ်တွေချစ်ရတဲ့ မင်းသားချောဇဏ်ခီကတော့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံစေတီတော်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ဇဏ်ခီရဲ့ ပရိသတ်တွေကတော့ မြန်မြန်မာဆန်ဆန်ခံ့ခံ့ညားညားဝတ်စားထားတဲ့ ဇဏ်ခီကို အရမ်းကိုသဘောကျနေကြပါတယ်။

ဇဏ်ခီကတော့ “မနေ့က ရွှေတိဂုံ မှာ ပရိတ်သတ်တစ်ယောက် လက်ဆောင်ပေးတဲ့ ပုဆိုးလေးနဲ့ ဘုရားဖူးပြီး အမျှဝေ..”ဆိုပြီး ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို သူ့ရဲ့ ပရိသတ်တွေအတွက် တင်ပေးထားတာဖြစ်ပါတယ်။

Source: Zenn Kyi