Zendaya ကိုတော့ အားလုံးက The Amazing Spider-Man ထဲက မင်းသမီးလေးအဖြစ် Tom Holland နဲ့ တွဲပြီး မြင်ကြမှာပါ။ ပြီးခဲ့တဲ့ အပတ်တုန်းက Zendaya အနေနဲ့ မဂ္ဂဇင်းကာဗာတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

Essence ရဲ့ ကာဗာမှာ Zendaya ဟာ ကာဗာစတားအဖြစ်ပါဝင်ခဲ့ရတာပါ။ အဲဒီမှာ သူမအနေနဲ့ ဟိုးရှေးရှေုးတုန်းက မော်ဒယ်တစ်ဦးရဲ့ ပုံစံအတိုင်း အသွင်ယူကာ ကာဗာရိုက်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒါကတော့ Donyale Luna ဆိုတဲ့ မော်ဒယ်တစ်ဦးရဲ့ ပုံစံလေးပါ။ Donyale Luna ဆိုတာ လူမည်းမော်ဒယ်တစ်ဦးဖြစ်ပြီးတော့ အနုပညာလောကမှာ နာမည်ကြီးတစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

ပထမဆုံးသော လူမည်းအမျိုးသမီး super model အဖြစ် အားလုံးက သတ်မှတ်ထားတဲ့ Donyale Luna ကို ဂုဏ်ပြုသောအားဖြင့် Zendaya ဟာ အခုလိုမဂ္ဂဇင်းကာဗာမှာ သူမပုံစံအတိုင်း ပြင်ဆင်ဝတ်စားကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်တဲ့။

 

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

Zendaya ဟာအမြဲတမ်းလိုလို လူမည်းအမျိုးသမီးအနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးနေသူဖြစ်ပြီးတော့ သူမကိုယ်တိုင်လည်း လူမည်းအမျိုးသမီးတွေထုတ်တဲ့ ပစ္စည်းတွေဆိုရင် တကယ်လည်းသုံးပြီးတော့ ပြန်လည်းကြေငြာပေးနေလေ့ရှိပါတယ်။ Black woman community ကို ထောက်ခံအားပေးတဲ့ အနုပညာရှင်တွေထဲက တစ်ဦးပေါ့။

 

View this post on Instagram

 

A post shared by Zendaya (@zendaya)

penny