Zayn Malik က တော့ နာမည်ကြီး ကမ္ဘာ ကျော်အဆိုတော်တစ်ယောက်ပါ။သီချင်းဆိုတဲ့ေ နရာ မှာလည်း တော်တဲ့ အပြင် ရုပ်ရည်က လ ည်း မိန်းက လေးတွေ ကြွေတဲ့ ရုပ်ရည်မျိုးပါ။ Zayn Malik က ဘယ်သူတွေနဲ့ တွဲ ခဲ့ဖူးလဲ၊သူ့ရဲ့ နှလုံးသား မှာ ခဏ တာ ၀င် ခို နားခဲ့ဖူးတဲ့ သူတွေ အ ကြောင်း ကို တော့ popsugar မှာ ဖော်ပြထားပါတယ်။

Geneva Lane

 

View this post on Instagram

 

A post shared by Zayn Malik (@zayn) on

Zayn ရဲ့ ပထမဆုံး public relationship ပါ။သူမကလည်း (၂၀၁၀)X Factor UK  ပြိုင်ပွဲဝင် တစ်ယောက်ပါ။ပြိုင်ပွဲဝင် တည်းက လအနည်းငယ်တော့ တိတ်တိတ် ခိုးတွဲ ခဲ့ ကြပါတယ်။ဒါပေမယ့် Simon Cowell   က တော့ ပြိုင်ပွဲဝင် အချင်းချင်း ဒိတ်တာကို တားမြစ် ခဲ့ပါတယ်။Show ပြီးတဲ့ အချိန်မှာတော့ နှစ်ယောက်သား တွဲနေ တဲ့ အ ကြောင်းကို တော့ ဆိုရှယ်မီဒီယာ ပေါ် တင်ခဲ့ပါတယ်။လမ်းခွဲပြီး နောက်မှာတော့ Geneva က Zayn ကို အသဲ ခွဲသူကြီး ဆိုပြီး ပြောခဲ့ပါတယ်။

Rebecca Ferguson

 

View this post on Instagram

 

Happiness ❤

A post shared by Rebecca Ferguson (@rebeccaferguson__) on

Rebecca Ferguson  နဲ့ ဇာတ်လမ်းပြတ်ချိန်မှာ တော့ Zayn က Swedish အဆိုတော် မ လေးနဲ့ ၂၀၁၁ မှာ တွဲ ခဲ့ပါတယ်။လ အနည်းငယ် လောက်ပဲ လမ်းခွဲ ခဲ့ပါတယ်။တည်တည်ငြိမ်ငြိမ် လမ်းခွဲပြီးနောက်ပိုင်းမှာလည်း နှစ်ယောက်သား စကားမ ပြော ဖြစ် တော့ဘူး လို့  ဆိုပါတယ်။

Stephanie Davis

 

View this post on Instagram

 

No one is you. That is your power. Swipe >

A post shared by 𝐒𝐓𝐄𝐏𝐇𝐀𝐍𝐈𝐄 𝐃𝐀𝐕𝐈𝐒 (@stephaniedavis88) on

(၂၀၁၁)မှာပဲ ငါးလ လောက် တွဲခဲ့တာပါ။(၂၀၁၆)ဒီဇင်ဘာတုန်းက အင်တာဗျူး တစ်ခုမှာတော့ Stephanie က သူမနဲ့ Zayn Malik တို့ ဟာ အခုထိ မိတ် ဆွေ တွေ လို ရင်းနှီးနေတုန်းပဲလို့် ပြောခဲ့ဖူးပါတယ်။

Perrie Edwards

(၂၀၁၁) X Factor UK မှာ စ တွေ့ ခဲ့တာပါ။ Zayn က ဖျော် ဖြေပြီး Perrie  က တော့ Little Mix အဖွဲ့ ၀င် အဖြစ် ပြိုင်ပွဲဝင် ခဲ့ တာပါ။(၂၀၁၂)မေ မှာတော့ တွဲနေတဲ့ အ ကြောင်းကို အတည်ပြုခဲ့ပါတယ်။ Zayn က တော့ သူ့လက်မောင်းပေါ်မှာ Perrie ပုံ ကာတွန်း တက်တူး ထိုးခဲ့ပါတယ်။(၂၀၁၃)သြဂုတ်မှာတော့ စေ့စပ်ခဲ့ပါတယ်။နှစ်နှစ်လောက် စေ့စပ်ထားတဲ့ စုံတွဲ အဖြစ်နဲ့ ရှိ နေခဲ့ပြီး ၂၀၁၅ သြဂုတ် မှာတော့ လမ်းခွဲပြီး စေ့စပ်ပွဲပါ ဖျက် သိမ်းခဲ့ပါတယ်။

Image:IG/Zayn

Zayn ဘက်က နေ သူမကို msg ပို့ ဖြတ် ခဲ့တာလို့ ဆိုပါတယ်။” ကျွန်မ အတွက် တော့ အဆိုးရွားဆုံးအချိန် ပဲ။လေးနှစ်ကြတဲ့ Relationship ၊စေ့စပ်ထားတာ နှစ်နှစ်ရှိနေတဲ့ ဆက်ဆံ ရေးက မက် ဆေ့ခ်ျ တစ်စောင် နဲ့ အဆုံးသတ် ခဲ့ရတယ်” လို့ သူမ ဘယ်လောက်ထိ အသဲ ကွဲခဲ့ရလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။သူမနဲ့ ပြတ်ပြီး လအနည်းငယ်အကြာမှာတော့ Gigi Hadid နဲ့ တွဲခဲ့ပါတယ်။

 

View this post on Instagram

 

🥕

A post shared by Perrie Edwards ✌️🌻 (@perrieedwards) on

Perrie Edwards က သူမရဲ့ ခံစားချက်ကို “Shout Out to My Ex,” ဆိုတဲ့ သီချင်းနဲ့ ရင်ဖွင့်ခဲ့ပါတယ်။ဒီသီချင်းက Zayn ကို ရည်ညွှန်း ထားတဲ့ သီချင်းပါ

Gigi Hadid

Zayn နဲ့ Gigi တွဲ နေတယ်ဆိုတဲ့ သတင်းတွေ က တော့ ၂၀၁၅ နိုဝင်ဘာမှာ ထွက် ပေါ်ခဲ့တာပါ။Gigi ကလည်း Joe Jonas နဲ့ လမ်းခွဲ ပြီး တစ်လ တောင် မကြာ သေးတဲ့ အချိန်မှာ Zayn နဲ့ Dating သတင်း ထွက်ခဲ့ပါတယ်။(၂၀၁၅)ဒီဇင်ဘာမှာတော့ နှစ်ယောက်ပုံတင်ပြီး Gigi နဲ့ ဆက်ဆံ ရေး ကို အတည်ပြု ခဲ့ပါတယ်။ကြားထဲမှာ တွဲလိုက် ပြတ်လိုက် တွေ ဖြစ်ခဲ့ပါတယ်။ ပထမဆုံး အတူ တွဲ တက်တဲ့ red carpet က တော့  2016 Met Gala ပွဲပါ။Zayn  က တော့ သူ့ရင်ဘတ်မှာ Gigi မျက်လုံးပုံ တက်တူး ထိုးခဲ့ပါတယ်။(၂၀၁၈) မတ် မှာတော့ လမ်းခွဲလိုက်ပြီ လို့ နှစ်ယောက်လုံးက ကြေညာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ပြန်ပေါင်းထုပ်ခဲ့ပြီး အခုဆိုရင်တော့ သမီးလေး တစ်ယောက် ပါ ပိုင်ဆိုင်နေပါပြီ။

 

View this post on Instagram

 

baby daddy ☺️

A post shared by Gigi Hadid (@gigihadid) on

#CELENOW