ပရိသတ်တွေ သဘောကျတဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ အမြဲကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်ပြီး အရမ်းကို ကြိုးစားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီကိုလည်း အမြဲရရှိနေသူ တစ်ဦးဖြစ်တဲ့ ဇေရဲထက်ကတော့ (၂၀၁၈)ခုနှစ် မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကြီးအတွက် သူရဲ့ ရင်ခုန်သံကိုလည်း ဖေ့စ်ဘုတ်မှာ ရေးခဲ့ပါတယ်။

လုပ်ပိုင်ခွင့်ရတဲ့ နေရာမှာသာ လုပ်နေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အကယ်ဒမီဆိုတာ မှန်းရဲတဲ့ဆုတစ်ခုမဟုတ်ပါဘူးလို့ သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အမြဲကြိုးစားနေတဲ့ ဇေရဲထက်အတွက် အနုပညာရှင်တိုင်းရဲ့ ပန်းတိုင်ဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။

လတ်တလောမှာလည်း မင်းသား ဇေရဲထက်ဟာ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေအတွက် ကြိုးကြိုးစားစားရိုက်ကူးလျက်ရှိပါတယ်။ ဒါ့အပြင် ဇေရဲထက်ဟာ (၂၀၁၈)ခုနှစ်မှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးမှာလည်း  “မာယာစတိုင်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် လျာထားခြင်းခံရတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

Source: Zay Ye Htet, myanmar fiim academy